အိုင်အက်စ် တို့ရဲ့မြို့တော် ရက်ကာ ကို သိမ်းနိုင်ပြီ

ကာ့ဒစ်ရှ် YPG စစ်သွေးကြွ အဖွဲ့က အောင်ပွဲခံတဲ့အနေနဲ့ ရက်ကာမြို့ အားကစားရုံကြီးပေါ်မှာ သူတို့ရဲ့ အလံကို လွှင့်ထူထား
ဆီးရီးယားနိုင်ငံမှာ IS အစ္စလာမစ် နိုင်ငံအဖွဲ့က သူတို့ရဲ့ မြို့တော်လို့ ခေါ်ဆိုနေတဲ့ ရက်ကာ မြို့ကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့အပြီးမှာ ကာ့ဒစ်ရှ် YPG စစ်သွေးကြွ အဖွဲ့က အောင်ပွဲခံတဲ့အနေနဲ့ ရက်ကာမြို့ အားကစားရုံကြီးပေါ်မှာ သူတို့ရဲ့ အလံကို လွှင့်ထူထားပါတယ်။

ဂျီဟာ့ဒစ်စ် တချို့ကို အခုချိန်ထိ လိုက်လံ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုက်ပွဲတွေအတွင်း လူ ၃ထောင်ကျော် သေဆုံးခဲ့ရပြီး ၃ပုံ ၁ပုံလောက်ဟာ အရပ်သားတွေ ဖြစ်တယ်လို့ လေ့လာ စောင့်ကြည့်သူ တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အိုင်အက်စ် တို့ရဲ့မြို့တော် ရက်ကာ ကို သိမ်းနိုင်ပြီ အိုင်အက်စ် တို့ရဲ့မြို့တော် ရက်ကာ ကို သိမ်းနိုင်ပြီ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.