ဘားအံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၂)ဦးသေ (၅)ဦးဒဏ်ရာရ


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၃၀၀ အချိန်

 ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ပရံကျေးရွာ အနီး မိုင်တိုင်(၁၀/၁-၂)ကြား၌ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့် က ဘားအံမှ ဇာသပြင်သို့ မောင်းနှင်လာသည့် ကားတစ်စီး မလေးရှား ပိတောက်ပင် အား ဝင်ရောက်တိုက်မိ တိမ်းမှောက်မှုကြောင့် (၂)ဦးသေ (၅)ဦးဒဏ်ရာရရှိကြောင်း သိရပါသည်။

 ဘားအံမှ ဇာသပြင်သို့ နေလင်းပိုင်(၂၀)နှစ်၊ (၈)ရပ်ကွက်၊ ဘားအံမြို့နေသူမောင်းနှင်လာသည့် 9K/xxxx ပရိုဘောက်ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ လမ်းဝဲဘက်ခြမ်းရှိ မလေးရှား ပိတောက်ပင် အား ဝင်ရောက်တိုက်မိ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်မောင်း နေလင်းပိုင်ပါ ကျား(၂)ဦးမှာ အခင်းဖြစ်နေရာတွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ရဲလင်းဦး(၁၉)နှစ်၊ (၈)ရပ်ကွက်၊ ဘားအံမြို့နေသူ ပါ ကျား(၂)ဦးတွင် ဦးခေါင်းထိပ်၊ ယာနားထင်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)နှင့် တစ်ရပ်ကွက်တည်းနေ ဇော်သက်နောင်(၂၀)နှစ်ပါ ၃ ဦး(ကျား ၂၊ မ ၁)တို့တွင် ယာပေါင်ကျိုး၊ ခါးနာကျင်၊ ယာချိုစောင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ၀၄၃၀ အချိန် ဘားအံပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။

ယင်းနေ့ နံနက် ၇ နာရီ ၁၅ အချိန်တွင် နေလင်းပိုင်(သေဆုံး)အား ထုံးအိုင်နယ်မြေရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့်လူသေမှု /ပြင်းထန် / သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဘားအံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၂)ဦးသေ (၅)ဦးဒဏ်ရာရ ဘားအံမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၂)ဦးသေ (၅)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.