အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် အရက်သေစာ ၀ိုင်းဖွဲ့သောက်စားသူ(၁၀၈)ဦးကို ဖမ်းဆီးအရေးယူထား


ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူနဲ့သက်ဆိုင်တဲ့ လူစည်ကားရာနေရာတွေမှာဝိုင်းဖွဲ့ပြီး အရက်သေ စာသောက်စားမူးယစ်သူတွေကို ရန်ကုန်ရဲအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူနေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက အောက်တိုဘာ(၃၁)ရက်က ထုတ်ပြန်ကြေညာပါတယ်။


 ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေနဲ့ လူသွားစင်္ကြန် တွေပေါ်မှာ ၀ိုင်းဖွဲ့ပြီး အရက်သောက်စားမူးယစ်သူတွေကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး အသိပညာပေးတာကို အောက်တိုဘာ(၁)ရက်က စတင်ကာ ပညာပေးကာလတစ်လသတ်မှတ်ပြီး လိုက်လံဟောပြောပညာပေးပြီးနောက် တစ်လပြည့်မြောက်တဲ့ အောက်တိုဘာ(၃၀)ရက်နေ့မှာ စတင်အရေးယူဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။


 အဲဒီလိုအရေးယူဆောင်ရွက်တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ(၃၀)ရက်ညက အရှေ့ပိုင်းခရိုင်မြို့နယ်တွေထဲက(၉)ဦး၊ အနောက်ပိုင်းခရိုင်မြို့နယ်တွေထဲက(၇၁)ဦးနဲ့ မြောက်ပိုင်းခရိုင်မြို့နယ်တွေ ထဲက(၂၈)ဦး စုစုပေါင်း လူ(၁၀၈)ဦးတို့ကို သက်ဆိုင်ရာရဲစခန်းတွေက အမှုစုစုပေါင်း(၃၉)မှုနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


 အခုလို အရေးယူဆောင်ရွက်တာဟာ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ကျဆင်းရေးနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာ လူမှုကိစ္စတွေဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် အရက်သေစာ ၀ိုင်းဖွဲ့သောက်စားသူ(၁၀၈)ဦးကို ဖမ်းဆီးအရေးယူထား အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် အရက်သေစာ ၀ိုင်းဖွဲ့သောက်စားသူ(၁၀၈)ဦးကို ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.