ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများအရေးယူသွားရန်စီစဉ်ထား


ကျိုက်ထို အောက်တိုဘာ ၁၂

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်တည်ရှိရာ ဧရိယာအတွင်း ရောင်းချနေသော ဈေးဆိုင်များ သည် ဘုရားဖူးများအနှောင့်အယှက် ဖြစ်စေသော ခေါ်ယူမှုမျိုးမလုပ်ရန် ကြပ်မတ်ထားကြောင်း ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့မှ ဦးအေးမြင့် သိန်းက ပြောသည်။

''မိမိဆိုင်မှာ လာရောက်စား သုံးဖို့ အတင်းခေါ်တာမျိုး အရင်က ရှိခဲ့ဖူးပေမယ့် အခုလုံးဝခွင့်မပြုပါ ဘူး။ ဘုရားဖူးတွေအတွက် စိတ် အနှောင့်အယှက်ဖြစ်စေတာကြောင့် ပါ။ စားချင်တဲ့သူကတော့ ဝင်စား မှာပဲ။ အခုလို အတင်းခေါ်စရာမလို ပါဘူး။ ကိုယ်ဘက်က အကောင်း ဆုံးဝန်ဆောင်မှုပေးရင် သူ့ဟာသူ ဝင်စားကြမှာပါ''ဟု ၄င်းက ပြော သည်။
ယင်းကဲ့သို့ ဘုရားဖူးများ စိတ် အနှောင့်အယှက်ဖြစ်စေရန် အတင်း ခေါ်ယူသည့်အပြုအမူမျိုးမလုပ်ရန် ယင်းဧရိယာရှိ ဆိုင်များအားလုံးကို သတိပေးထားပြီး လိုက်နာမှုမရှိဘဲ လုပ်ဆောင်နေကြောင်းကို တိုင် ကြားလာပါက ပြင်းထန်သော အရေးယူမှုများဖြင့် လုပ်ဆောင် သွားရန် စီစဉ်ထားကြောင်း သိရ သည်။

၎င်းအပြင် ဘုရားဖူးများ စိတ် အနှောင့်အယှက်ဖြစ်စေသော အလှူခံမှုများအားလုံးကိုလည်း ခွင့် မပြုဘဲ တားမြစ်ထားလျက်ရှိပြီး ဂေါပကအဖွဲ့က စီစဉ်ထားသော အလှူခံပုံးများသာ ထားရှိပေး ကြောင်း သိရသည်။
''အဓိကကတော့ သာသနာ ရေးရဲ့ ညွှန်ကြားချက်အတိုင်း အကောင်အထည် ဖော်တာပါ။ အရင်က လေလံပေးခဲ့တဲ့ ရွှေဆိုင်း ရောင်းတဲ့လုပ်ငန်းတွေ အပါအဝင် အကုန်လုံးဂေါပကအဖွဲ့ကပဲ တိုက် ရိုက် ကိုင်တွယ်နေပါတယ်''ဟု ၄င်းကထပ်မံပြောသည်။

အဆိုပါ စေတီတော်ကြီး ဧရိယာတစ်ဝိုက်ရှိ မုဆိုးတောင်၊ ကျောက်ထပ်ကြီးဘက်သို့သွားရာ လမ်းတစ်လျှောက်တွင် လည်း ကောင်း၊ ကျီးကန်းပါးစပ်၊ နတ်ရေ တွင်းဘက်သို့ သွားလမ်းတွင် လည်းကောင်း၊ ရသေ့တောင်၊ ရေမြောင်ကြီး အပါအဝင် နေရာ အများစုတွင် ယခင်ကရှိခဲ့သော အလှူခံများကို မြင်ရတော့မည် မဟုတ်သလို အလှူခံနေမှုများတွေ့ ရှိပါကလည်း ဂေါပကအဖွဲ့ထံ ဆက်သွယ်သတင်းပေး တိုင်ကြား နိုင်ကြောင်း သိရသည်။

သုခ
The Union Daily
https://www.facebook.com/uniondaily.net
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများအရေးယူသွားရန်စီစဉ်ထား ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများအရေးယူသွားရန်စီစဉ်ထား Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.