မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်၌ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ဝင်များကို ရုရှားဖမ်းဆီး

ရုရှားနိုင်ငံ မော်စကိုမြို့ ရှိ ကားမှတ်တိုင်တစ်ခုတွင် ၂ဝ၁၁ ခုနှစ် မတ်လ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက စစ်ဆေးနေစဉ်(ဆင်ဟွာ)
    မော်စကို ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

    ရုရှားနိုင်ငံ မော်စကိုမြို့ ၌ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုမှ အဖွဲ့ ဝင်များကို ဖမ်းဆီးရမိကြောင်း ရုရှားနိုင်ငံပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့ (FSB) က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ ပို့ ဆောင်ရေးအခြေခံအဆောက်အအုံတွေ နဲ့ လူထူထပ်တဲ့နေရာတွေကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖောက်ခွဲရေးလုပ်ဖို့ သူတို့ စီစဉ်ခဲ့ပါတယ်” ဟု FSB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားသူ အရေအတွက်ကို FSB က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါ အကြမ်းဖက်အုပ်စုကို နိုင်ငံရပ်ခြား တိုင်းပြည်များမှ စေလွှတ်ထူးသူများ နှင့် မြောက်ကော့ကေးဆပ်ဒေသမှ ရုရှားနိုင်ငံသားများက ပါဝင်ဦးဆောင်ကြောင်း နှင့်  အစ္စလာမ်မစ်ကမ္ဘာ တည်ထောင်ရေးအတွက် အကြမ်းဖက်မှုကို အားပေးထောက်ခံကြသူများဖြစ်ကြောင်း သိရသည်။

IED ဖောက်ခွဲရေးပစ္စည်း ၂ ခု ၊ ပစ္စတို ၂ လက် ၊ လက်ပစ်ဗုံး ၂ လုံး ၊ ဆက်သွယ်ရေးစက် နှင့် ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ၄င်းတို့ ၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ရုရှားနိုင်ငံသည် ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ရန် ကြိုးပမ်းခဲ့သည့် အကြမ်းဖက်သမား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ရုရှားရှေ့ နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော လ အနည်းငယ်က FSB သည် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွယ်မှုရှိသည့် သံသယရှိသူများကို အများပြည်သူတို့ အား ချပြခဲ့ပြီး ၄င်းတို့ အများစုမှာ အာရှအလယ်ပိုင်းမှ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်၌ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ဝင်များကို ရုရှားဖမ်းဆီး မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်၌ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ဝင်များကို ရုရှားဖမ်းဆီး Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.