မကွေး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့မရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းက အချုပ်သား(၆)ဦး အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
မြို့မရဲစခန်း၊ အချုပ်ခန်းအခန်း (၆) တွင် မုဒိန်းမှုဖြင့် အချုပ်ကျနေသော အချုပ်သား (၄) ယောက်၊မှုးယစ်မှု (၁) ယောက်၊ ခိုးမှု (၁) ယောက်၊ စုစုပေါင်း (၆) ယောက်တို့မှ အချုပ်ခန်း ဖောက်၍ ထွက်ပြေးကြောင်း၊CCTV ကင်မရာအား စစ်ဆေးကြည့်ရာ၊ နံနက်(၃) နာရီ (၇) မိနစ် (၄၄) စက္ကန့်တွင် ခေါင်မိုးကိုဖောက်၍ ထွက်ပြေးသွားကြောင်း၊ နံနက် (၆) နာရီခန့်တွင် ထွက်ပြေးမှုအား သိရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ထွက်ပြေးလွတ်မြောက်လျှက်ရှိသော အချုပ်သားများအား ဖမ်းမိနိုင်ရေး ကြိုးစားဆောင်ရွက်လျှက်ရှိပြီး၊ တာဝန်ကျကင်းမှူး ရဲတပ်ကြပ်ညွှန်လှိုင်နှင့် ကင်းတပ်သား (၆) ယောက်တို့အား ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးနေ သူများမှာ စကုမြို့နယ် မင်းရွာနေ ဘိုဘိုလတ်(၂၈နှစ်) ၊ မကွေးမြို့ အထက်ပွဲကြိုရပ်နေ စိုင်းသီဟ (၂၁နှစ်)၊ မကွေးမြို့ မြင်ကွန်းကျေးရွာနေ ချစ်ကို(၂၄နှစ်)၊ မကွေးမြို့ ယင်းဆိပ် ကျောင်းတော်ဦးကျေးရွာနေ အောင်ဇော်လင်း (၂၈နှစ်) နှင့် သိန်းမင်းထိုက် (၁၈နှစ်)၊ မကွေးမြို့ အလပ်ကျေးရွာနေ ခိုင်စိုး (၂၈နှစ်) တို့ဖြစ်ကြောင်း သတင်းရရှိပါသည် ။
လှိုင်ဘွား ( မြို့သစ် )
မကွေးမြို့မရဲစခန်းမှ အချုပ်သား (၆) ဦး ထွတ်ပြေး
Reviewed by THITHTOOLWIN
on
15:01
Rating:
