နောင်ချိုမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၅)ဦးသေ၊ (၂)ဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရပ်စောက် - နောင်ချိုကားလမ်းတွင် အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၁၀)နာရီ (၅၅)မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးချောက်အတွင်း ထိုးကျသွားသဖြင့် (၅)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာ ရသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့ ၁၀၅၅ အချိန် နောင်ချိုမြို့နယ်၊ ရပ်စောက်-နောင်ချိုကားလမ်း မိုင်တိုင်(၁၁၈/၂-၃)ကြား၌ ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ နေဝင်းအောင်၊ (၃၂)နှစ်၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်သည့် 6J/×××× SUZUKI HIJETယာဉ်မှာ ဘရိတ်ပေါက်ပြီး လမ်းယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဦးအုန်းမောင်၊ (၅၁)နှစ်၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူပါ (၄)ဦး(ကျား ၃၊ မ ၁)တို့တွင် ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ်ပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

ယာဉ်မောင်း နေဝင်းအောင်(သတိလစ်)ပါ ကျား(၂)ဦးတွင် ရင်ဘတ်အောင့်(စိုးရိမ်ရ)နှင့် မရတနာမြင့်မိုရ် (၂၀)နှစ်၊ (၁၉)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတွင် ဝဲခြေသလုံးကျိုးဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သည်။

 သေဆုံး/ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်ပြည်သူ့ ဆေးရုံ သို့ပို့ဆောင်စဉ် နေဝင်းအောင်မှာ လမ်း၌ သေဆုံးသွားသဖြင့် စုစုပေါင်း ၇ဦး(သေဆုံး ကျား ၅၊ စိုးရိမ်ရ ကျား ၁၊ မစိုးရိမ်ရ မ ၁)တို့ဖြစ်သဖြင့် ၂၀၃၀ အချိန် နေဝင်းအောင်(သေဆုံး)အား ကျောက်ဂူနယ်မြေရဲစခန်း ယာဉ်(ပ) ၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
နောင်ချိုမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၅)ဦးသေ၊ (၂)ဦး ဒဏ်ရာရရှိ နောင်ချိုမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် (၅)ဦးသေ၊ (၂)ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.