ရန်ကုန်မှ မြ၀တီသို့ သွားရောက်မည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်တစ်စီး တိမ်းမှောက် တရုတ်နိုင်ငံသားတစ်ဦး အပါအ၀င် ခရီးသည်စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိ


ဘားအံ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းရူးကျေးရွာအုပ်စု၊ လှိုင်းကားကျေးရွာ၊ မိုင်တိုင်အမှတ်(၂/၆)တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မှ မြ၀တီသို့ သွားရောက်မည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ခရီးသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က အိန္ဒ-ကော့ကျိုက်လမ်း မိုင်တိုင်အမှတ် (၂/၆)အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲထွဋ်မင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကြည်လင်းစိုးတို့ဦးစီးအဖွဲ့သည် သက်သေ ကော့သင်းရူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအောင်ထွန်းဦးစီးသည့် အဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှထွက်ခွာလာပြီး ကော့ကျိုက်-အိန္ဒုကားလမ်းအတိုင်း မြ၀တီမြို့သို့ သွားရောက်မည့် ရွှေစင်င်္ကြာ ခရီးသည်ယာဉ်သည် ဘားအံမြို့နယ်၊ ကော့သင်းရူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာအနီးအရောက် ဆိုင်ကယ် တစ်စီးအား ရှောင်တိမ်းပြီး ဘရိတ်အုပ်စဉ် ယာဉ်မှာ စလစ်ဖြစ်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့် ယာဉ်အမှတ် 6G/—- လိမ္မော်ရောင်၊ ရွှေစင်္ကြာယာဉ်အား တေဇစိုး၊ ၃၆နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် နေလင်းထွန်း၊ ၂၄နှစ်နှင့် ယာဉ်မယ်အဖြစ် မခင်ခင်မင်း၊ ၂၄နှစ်တို့ လိုက်ပါလာပြီး ယာဉ်ပေါ်တွင် ခရီးသည် ၃၀ ဦး တင်ဆောင်လာကြောင်းသိကာ ယာဉ်ပေါ်ပါ ခရီးသည်များအနက် မမျိုးသန္တာကြူ၊ ၃၅နှစ်၊ရွှေပြည်သူမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မလွန်းကြယ်စင်အိမ်၊၃နှစ်၊(လိပ်စာတူ)၊ ဇော်ဇော်အောင်၊ ၂၅နှစ်၊ ဒိုက်ဦးမြို့၊စောရှင်းသန်း၊ ၄၄နှစ်၊မြ၀တီမြို့၊သန်းထိုက်အောင်၊ ၄၈နှစ်၊ကမာရွတ်မြို့နယ်၊ရန်ကုန်တိုင်း၊ မဝေမာ၊ ၃၄နှစ်၊ တောင်ဥက္ကလာပစီမံကိန်းရုံးဝင်း၊ မောင်ညီဝေယံထက်အောင်၊ ၉နှစ်၊ရန်ကုန်မြို့၊ ဦးသိန်းဦး၊ ၅၀နှစ်၊မြ၀တီမြို့၊အောင်ဇော်လတ်၊ ၄၄နှစ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ Zhang Yong ၊ ၄၂နှစ်၊ တရုတ်လူမျိုးတို့ဖြစ်ပြီး မစိုးရိမ်ရဒဏ်ရာများ အသီးသီးရရှိခဲ့၍ လူမှုကူညီရေးအဖွဲ့များဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ကာ ရဲဆေးစာဖြင့် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း တေဇစိုးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူကိုထိခိုက်နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - Nay Lin Aung ပေးဆပ်သူ Rescue
By : Min Thu
https://thanlwinnews.com
ရန်ကုန်မှ မြ၀တီသို့ သွားရောက်မည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်တစ်စီး တိမ်းမှောက် တရုတ်နိုင်ငံသားတစ်ဦး အပါအ၀င် ခရီးသည်စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိ ရန်ကုန်မှ မြ၀တီသို့ သွားရောက်မည့် ရွှေစင်စင်္ကြာ မှန်လုံယာဉ်တစ်စီး တိမ်းမှောက် တရုတ်နိုင်ငံသားတစ်ဦး အပါအ၀င် ခရီးသည်စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.