ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့်သူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်။ Photo: UNHCR in Bangladesh Facebook
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို အစိုးရကပြန်လည်လက်ခံပြီး တိုင်းရင်းသားကျေးရွာတွေအနီးမှာ မူလအနေအထားအတိုင်း ပြန်လည်နေရာချထားမယ်ဆိုရင် ဌာနေတိုင်းရင်း သားတွေအားလုံး နေရပ်စွန့်ခွာကြဖို့ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာ ၃၆ ရွာ က ဒေသခံတွေ မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာမှာ မနေ့က အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ ကြတာဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ အောင်သာယာကျေးရွာခံ ဦးကျော်ဝင်းကပြောပါတယ်။

ဌာနေတိုင်းရင်းသားတွေဟာ အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေရှိနေသေးတာကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေကို အစိုးရက အဆောတလျင် လက်ခံတာတွေမလုပ်ဖို့၊ ပြန်လည် လက်ခံမယ့်သူတွေထဲမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် တိတိကျကျစိစစ်ပြီး ကန့်သတ်နယ်မြေတစ်ခုထဲမှာ လုံခြုံရေးအစောင့်အရှောက်နဲ့ထားဖို့၊ တိုင်းရင်းသားတွေကို လယ်ယာမြေပိုင်ဆိုင်မှုတွေပေးဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို အဆောတလျင်ဝင်ရောက်ခွင့်မပြုဖို့ စတဲ့အချက်တွေကို အစိုးရထံ တင်ပြတောင်းဆိုဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မနေ့က မောင်တောမြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာပေါင်း ၄၈ ရွာအနက် အောင်ဇေယျ၊ အောင်သာယာ ၊ ခြံပြင်၊ တရိမ်း၊ မင်းကြီး၊ တမန်းသား၊ အောင်သပြေ စတဲ့ကျေးရွာပေါင်း ၃၆ ရွာကဒေသခံ ၁၅၀ လောက် တက်ရောက်ဆွေးနွေးကြတာလို့ သိရပါတယ်။

မောင်တောဒေသကနေ နီးစပ်ရာမြို့နယ်အသီးသီးကို ထွက်ပြေးရောက်ရှိနေကြသူတွေကို နိုဝင်ဘာလ ၂ ရက်နေ့နောက်ဆုံးထားပြီး နေရပ်ကိုပြန်ကြဖို့ အစိုးရက စာထုတ်ထားပါတယ်။

ဒေသခံတချို့နေရပ်ပြန်တာတွေရှိပေမယ့် နေအိမ်တွေ မီးလောင်သွားတဲ့ဒေသခံတွေအတွက် နေထိုင်ရေး အဆင်သင့်မဖြစ်သေးတာကြောင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ မှီခိုနေရတယ်လို့လည်း အောင်သာယာ ရွာခံ ဦးကျော်ဝင်း ကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့်သူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆွေးနွေး ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့်သူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆွေးနွေး Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.