ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းတွင် ရှေ့ဘီးပေါက်ကာ ယာဉ်တစ်စီး တိမ်းမှောက် အမျိုးသမီးတစ်ဦး သေဆုံး


ရေတာရှည် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်း မိုင်တိုင် ၁၇၁/ဝ နှင့် ၁၇၁/၁ အကြားတွင် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်ခန့််က ယာဉ်ငယ် တစ်စီး ရှေ့ယာဘက်ဘီးပေါက်ပြီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်၌လိုက်ပါလာသော အမျိုးသမီး တစ်ဦးဆေးရုံအရောက် သေဆုံးသွားခဲ့ကြောင်းသိရသည်။

 ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်း အရ သာဂရအမြန်လမ်းရဲစခန်းမှူး ရဲအုပ် ရာဇာလင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိ စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မစိုး ရွှေစင်(၄၄)နှစ်၊ ဈေးလည်ရပ်ကွက်၊ မကွေးမြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး ၊အမျိုး သမီးတစ်ဦးလိုပါလာသည့်2J/------KLUGER ယာဉ်သည် အခင်းဖြစ်နေရာအရောက် ရှေ့ယာဘက်ဘီး ပေါက်သွားခဲ့ပြီး တံတားလက်ရမ်းတိုင်အားတိုက်မိကာ လမ်းလယ်ကျွန်းပေါ်ကိုရောက်ရှိတိမ်းမှောက် သွားခဲ့သည်။

 ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါစီးနင်းလာသူ ဒေါ်ခင်မာမြိုင်(၆၈)နှစ်၊ မြင်သာ(၂၇) လမ်း၊ မကွေးမြို့နေသူမှာ နဖူးထိတ်ဖူးယောင်ပေါက်ပြဲ၊ နှာခေါင်းဖူးယောင်ညိုမဲ၊ နှာခေါင်းသွေးထွက်၊ ယာပါးဖူးယောင် ညိုမဲ၊ ဝဲ/ယာပါးပွန်းပဲဒါဏ်ရာများရရှိပြီးသေဆုံးသွားခဲ့၍ သာဂရအမြန်လမ်းရဲစခန်းမှ ယာဉ်မောင် မစိုးရွှေစင် အား ယာဉ်(ပ)၁၈/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းတွင် ရှေ့ဘီးပေါက်ကာ ယာဉ်တစ်စီး တိမ်းမှောက် အမျိုးသမီးတစ်ဦး သေဆုံး ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းတွင် ရှေ့ဘီးပေါက်ကာ ယာဉ်တစ်စီး တိမ်းမှောက် အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.