ကုမ္ပဏီပိုင်ငွေများအား ခိုးယူသူ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ် အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိ

အမှုမှမော်တော်ယာဉ်အား ပြည်သူတစ်ဦး၏သတင်းပေးချက်အရ အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိပြီး ငွေများနှင့် ပြစ်မှုကျူးလွန်သူမှာ လွတ်မြောက်နေသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၄

ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၁၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိသည့်အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး ခိုးယူမောင်းနှင်သွားသော 5D-5693 Toyota Wish (ပိုင်) အဖြူရောင်ယာဉ်အား အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်းနှင့် (၁၄)လမ်းဆုံအကြားရှိ မြဧရာ တိုက်တန်းရှေ့တွင် ရပ်တန့်ထားကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ အတည်ပြုခဲ့ရာ အခင်းဖြစ်စဉ်မှပါဆုံးသွားသောမော်တော်ယာဉ်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်မှာ တံခါးများအား Lock ချ ပိတ်ထားပြီး ယာဉ်အတွင်း၌ ဆာလာအိတ်ခွံများသာတွေ့ရှိရကြောင်း သိရသည်။


အမှုမှ ငွေများယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ကျော်ဇင်ဦးအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေလျက်ရှိသည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့များ သို့လည်း ကူညီစုံစမ်းဖမ်းဆီးပေးနိုင်ရန် ပြစ်မှုကျူးလွန်သူ၏ မှတ်တမ်းဓာတ်ပုံများအား ပေးပို့ထားရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူကျော်ဇင်ဦးမှာ ကုမ္ပဏီတွင် လွန်ခဲ့သော(၄)လခန့်က ယာဉ်မောင်းအဖြစ် ခန့်အပ်ထားသူဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
ကုမ္ပဏီပိုင်ငွေများအား ခိုးယူသူ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ် အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိ ကုမ္ပဏီပိုင်ငွေများအား ခိုးယူသူ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ် အင်းစိန်မြို့နယ်တွင် ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.