ဖားကန့်​နယ်​​မြေတွင်​ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဘိုးရှိ​သော ဘိန်းဖြူ၊ ဘိန်းဆီနှင့် စိတ်ကြွရူးသွပ်​​ဆေးပြားများ သိမ်းဆည်းရမိ


ဖားကန့် အောက်တိုဘာ ၂၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာစုပေါင်း စစ်ဆေးရေးဂိတ်တွင်အောက်တိုဘာ၂၂ရက်ည ​၆နာရီခွဲအချိန်​က ကျပ်​သိန်း​ပေါင်း(၁၆၀၀၀) တစ်သောင်းခြောက်ထောင်ကျော်တန်ဘိုးရှိ​သော မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာမူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှရဲအုပ်နိုင်စိုး ဦးစီးအဖွဲ့၊လုံးခင်းရဲစခန်းမှ ဒုရဲအုပ်ပြုံး​မောင်​မောင်​ ဦးစီးအဖွဲ့နှင့်သက်​​သေများပါဝင်​​သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့နယ် နန့်ကွပ်ကျေး ရွာ ​နေကျော်အောင်(ခ)အားတီ(၂၄)နှစ် မောင်းနှင်ပြီးမူဆယ်မြို့နယ်ကောင်းမူတုံကျေးရွာ ​နေ ဝေမင်း(ခ)အေးသား(၄၀)နှစ်​တို့ လိုက်​ပါလာသည့် ALPHARD(G) အမျိုးအစား ယာဉ်အမှတ် MDY 2K----အား ရပ်တန့်ရှာဖွေရာ ယာဉ်​၏ကြမ်း ပြင်အံဝှက်များအတွင်းမှ မှိုင်းခံစက္ကူဖြင့်ထုပ်ထားသည့် အထုပ်ကြီး(၃၉)ထုပ်အတွင်းမှ အထုပ်​​ပေါင်း( ၆၆၅)ပါ အထုပ်တစ်ထုပ်လျင်88/1စာတန်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်​ထုပ်​လျင်​(၂၀၀)ပြားစီပါ အထုပ်ငယ်(၃၀)ထုပ် ဆေးပြား ၆၀၀၀ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၀ ပြား(၂၃၄)ကီလို(ဒေသပေါက်ဈေး​ ဆးပြား တစ်ပြားလျင် ၅၀၀၀ ကျပ်နှုံး) ခန့်မှန်းတန်ဘိုးကျပ်သိန်း(၁၁၇၀၀)သိန်း၊ ဆပ်ပြာခွက် တစ်ခွက်လျင်ဘိန်းဖြူမှုန့်အလေးချိန်(၁၂)ဂရမ်စီပါ ရောင်စုံဆပ်ပြာခွက်(၁၁၀)ခွက်စုစုပေါင်းဘိန်းဖြူအလေးချိန်(၁၃၂)ကီလို (ဒေသပေါက်ဈေးဘိန်းဖြူ တစ်ဂရမ်လျင် ၉၅၀၀၀ ကျပ်နှုံး)ခန့်မှန်းတန်ဘိုးကျပ်သိန်း(၁၂၅၄)သိန်း၊ဘိန်းဆီခဲတစ်ထုပ်လျင် အလေးချိန်(၁ ဒဿ မ ၅)ကီလိုဂရမ်ပါ(၄၄)ထုပ် စုစုပေါင်းဘိန်းဆီ အလေးချိန်(၆၆)ကီလို(ဒေသပေါက်ဈေးဘိန်းဆီခဲ တစ်ဂရမ်လျင်လ၄၈၀၀ကျပ်နှုံး)ခန့်မှန်းတန်ဘိုးကျပ်သိန်း(၃၁၆၈)သိန်းနှင့် မော်တော်ယာဉ်အား သက်သေများ​ရှေ့တွင် သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်အောင်(ခ) အားတီနှင့် ဝေမင်း(ခ)အေးသားတို့နှစ်ဦးအား လုံးခင်းနယ်မြေရဲစခန်းက အရေးယူ​ဆောင်​ရွက်​လျက်​ ရှိ​ကြောင်းသိရသည်​ ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်​နယ်​​မြေတွင်​ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဘိုးရှိ​သော ဘိန်းဖြူ၊ ဘိန်းဆီနှင့် စိတ်ကြွရူးသွပ်​​ဆေးပြားများ သိမ်းဆည်းရမိ ဖားကန့်​နယ်​​မြေတွင်​ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဘိုးရှိ​သော ဘိန်းဖြူ၊ ဘိန်းဆီနှင့် စိတ်ကြွရူးသွပ်​​ဆေးပြားများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.