မွန်အမျိုးသားညီလာခံကို တက်ရောက်ဖို့ မွန်နှစ်ပါတီကို ဖိတ်မည်

မွန်ညီလာခံဖြစ်မြောက်ရေးအတွက် မွန်ညီညွတ်ရေးအဖွဲ့၊ မွန်လူငယ်ဖိုရမ်၊ ရာမညအင်အားစု၊ မွန်အမျိုးသားရေးလိုလားသူများအဖွဲ့ စတဲ့အဖွဲ့ ၄ဖွဲ့ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်/ Photo: Kyaw Lwin Oo/RFA
မွန်တစ်ပါတီတည်းဖြစ်ရေး ဆွေးနွေးကြမယ့် မွန်အမျိုးသားညီလာခံကို လာမယ့် ၂၀၁၈ ဇန်နဝါရီလမှာ ကျင်းပ မှာဖြစ်ပြီး မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ကို တက်ရောက်ဖို့ဖိတ်ခေါ်သွားမယ်လို့ မွန်ညီညွတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။

မွန်ညီလာခံတက်ရောက်ဖို့ မွန်နှစ်ပါတီက ခေါင်းဆောင်တွေနဲ့တွေဆုံကာ ဖိတ်သွားမယ်လို့ မွန်ညီညွှတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။

မွန်ညီညွတ်ရေးအဖွဲ့၊ မွန်လူငယ်ဖိုရမ်၊ ရာမညအင်အားစု၊ မွန်အမျိုးသားရေးလိုလားသူများအဖွဲ့ စတဲ့အဖွဲ့ ၄ဖွဲ့က မွန်ညီလာခံဖြစ်မြောက်ရေးအတွက် ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီညီလာခံဖြစ်မြောက်ရေးအတွက် မွန်ညီညွှတ်ရေးအဖွဲ့နဲ့အတူ မွန်လူငယ်ဖိုရမ် (MYF)နဲ့ ပေါင်းစည်းရေးလိုလား တဲ့ ရာမညအင်အားစုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားပြီး မွန်အမျိုးသားအကျိုးဆောင်ရွက်တဲ့အဖွဲ့ အပါအဝင် ပြည်ပရောက်မွန်တွေ၊ တခြားမွန်အဖွဲ့အစည်းတွေကိုပါ ပါဝင်နိုင်အောင် ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

မွန်ပါတီ၂ ခု ပေါင်းစည်းရေးကို ဆောင်ရွက်နေတဲ့ မွန်ညီညွှတ်ရေးအဖွဲ့ကနေ မွန်ပြည်သစ်ပါတီက နှုတ်ထွက် သွားပေမယ့် လာမယ့် မွန်ညီလာခံမှာတတ်ရောက်ပေးဖို့ ဖိတ်ကြားသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news

မွန်အမျိုးသားညီလာခံကို တက်ရောက်ဖို့ မွန်နှစ်ပါတီကို ဖိတ်မည် မွန်အမျိုးသားညီလာခံကို တက်ရောက်ဖို့ မွန်နှစ်ပါတီကို ဖိတ်မည် Reviewed by THITHTOOLWIN on 01:41 Rating: 5
Powered by Blogger.