ရန်ကုန်-မန္တလေး အမြန်မကြီးပေါ်တွင် လမ်းဖြတ်ကူးရာမှ သေဆုံးခဲ့သူကိုအမှုဖွင့်


ရန်ကုန်-မန္တလေး အမြန်မကြီးပေါ်မှာလမ်းဖြတ်ကူးသူကို ယာဉ်တစ်စီးကဝင်ရောက်တိုက်မိရာမှသေဆုံးခဲ့ပြီးသေဆုံး သူကိုအမှုဖွင့်ထားတယ်လို့သိရပါတယ်။

 ဖြစ်စဉ်မှာအောက်တိုဘာလ(၁)ရက် ညပိုင်း(၇)နာရီခန့်က မိုင်တိုင်အမှတ်(၂၂၈)နားမှာ အသက်(၅၄)နှစ် အရွယ်အမျိုးသား တစ်ဦးဟာ အမြန်လမ်းမကြီးကို အရှေ့ဘက်မှ အနောက်ဘက်ကို လမ်းဖြတ်ကျော်ကူးစဉ် မန္တလေးမှနေပြည်တော်ကို မောင်းနှင်လာတဲ့ လင်ခရူဆာ မီးခိုးစိမ်းရောင်ယာဉ်နဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။


ယာဉ်တိုက်မှုကြောင့်လမ်းကူးသူဟာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဝဲနားအတွင်းသွေးထွက်နဲ့ အခြားထိခိုက်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ယာဉ်ပျက်ဆီးမှုအနေနဲ့နှစ်သိန်းဖိုးခန့်ရှိခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာခွင့်မရှိပဲလမ်းဖြတ်ကူးသူကို သီးကုန်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၃၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကနဲ့အမှုဖွင့်အရေးယူ ထားတယ်လို့သိရပါတယ်။ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရန်ကုန်-မန္တလေး အမြန်မကြီးပေါ်တွင် လမ်းဖြတ်ကူးရာမှ သေဆုံးခဲ့သူကိုအမှုဖွင့် ရန်ကုန်-မန္တလေး အမြန်မကြီးပေါ်တွင် လမ်းဖြတ်ကူးရာမှ သေဆုံးခဲ့သူကိုအမှုဖွင့် Reviewed by THITHTOOLWIN on 12:40 Rating: 5
Powered by Blogger.