ခင်​ဦးမြို့နယ်​ မင်းကံကြီးမူလတန်း​ကျောင်း၌ ဒုတိယတန်း​ကျောင်းသူ​လေးအား အရွယ်​နှင့်​မမျှ ရိုက်​နှက်​ခြင်းခံရ


(​အောက်​တိုဘာ-၁၇)

၁၇.၁၀.၁၇ ရက်​​နေ့ ​နေ့ ၁၂ နာရီခန့်​က စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်​ ခင်​ဦးမြို့နယ်​ မင်းကံကြီး​ကျေးရွာ အ​ခြေခံပညာမူလတန်း​ကျောင်း၌ တက်​​နေ​သော (ဘ)ဦးမျိုးဝင်း+(မိ)​ဒေါ်မိုးမိုးသန်း၏သမီး ဒုတိယတန်း​ကျောင်းသူ မယွန်းဝတီ​ကျော်​(၈)နှစ်​ခန့်​ အား သင်္ချာအလီ​မေးရာမရသဖြင့်​ ​ကျောင်းဆရာဦးမင်းသူ မှ ခြေသလုံးနှစ်​ဖက်​အား အသက်​အရွယ်​နှင့်​မမျှ ဝါးခြမ်းဖြင့်​ အချက်​ ၁၀ ခန့်​ ရိုက်​နှက်​ခံရ​ကြောင်း သိရသည်​။


ကျွန်​​တော်​တို့ရွာ​ ကျောင်းအစည်းအ​ဝေးတိုင်​မှာ ကျောင်းအုပ်​ဆရာမကြီး​ဒေါ်ခင်​မာ​ဆွေ က ခင်​ဗျားတို့သားသမီး​တွေကိုရိုက်​ပြီးဆုံးမရမှာဘဲ.....ဒီလိုမ မရိုက်​ရဘူးဆိုရင်.....စာမတတ်​ရင်​တာဝန်​မယူဘူး.....တကယ်​လို့ ရိုက်​နှက်​တာကိုမ​ကျေနပ်​လို့တိုင်​ရင်​လဲ.....အလုပ်​မပြုတ်​ဘူး တခြားနယ်​​ပြောင်ယုံ​လောက်​ဘဲရှိမယ်​လို့ အစည်း​ဝေးတိုင်​မှာ ​​ပြောကြားခဲ့ကြာင်း"​ကျောင်းသားမိဘတစ်​ဦး"မှ ​ပြောပြ၍ သိရသည်​။


ယခုလို အသက်​အရွယ်​နဲ့မမျှရိုက်​နှက်​သော ​ဆရာဦးမင်းသူအား သက်​ဆိုင်​ရာ(သို့)ရဲစခန်းသို့ တိုင်​ကြားသွားမည်​ဟု"ဦးမျိုးဝင်း"မှ ​ပြောပြ၍ သိရသည်​။

.....Chit San.....
ခင်​ဦးမြို့နယ်​ မင်းကံကြီးမူလတန်း​ကျောင်း၌ ဒုတိယတန်း​ကျောင်းသူ​လေးအား အရွယ်​နှင့်​မမျှ ရိုက်​နှက်​ခြင်းခံရ ခင်​ဦးမြို့နယ်​ မင်းကံကြီးမူလတန်း​ကျောင်း၌ ဒုတိယတန်း​ကျောင်းသူ​လေးအား အရွယ်​နှင့်​မမျှ ရိုက်​နှက်​ခြင်းခံရ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.