ဟာဗေး ဝိုင်းစတင်း ကို ဇနီးဖြစ်သူက စွန့်ခွာရန်ဆုံးဖြတ်

 ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်း
လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေနဲ့ မင်းသမီးအများအပြားရဲ့ စွပ်စွဲမှုတွေ ခံနေရတဲ့ ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်း ရဲ့ ဇနီး က သူ့ယောကျာ်း ကို စွန့်ခွာ တော့မယ်လို့ ပြောဆို ခဲ့ပါတယ်။

သူ့ရဲ့ လုပ်ရပ်တွေဟာ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ လည်း အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဇနီးသည် ဂျော်ဂျီနာ ချမ့်မင်းက ဆိုပါတယ်။

နာမည်ကျော် ရုပ်ရှင်မင်းသမီး တွေ ဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီ နဲ့ဂွိန်းနက် ပက်ထရိုတို့ ကလည်း ဟာဗေးဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခဲ့ကြတယ်လို့ အခု နောက်ဆုံး စွပ်စွဲ ထားကြပါတယ်။

သူတို့က ဟောလီးဝုဒ် က ရုပ်ရှင်မင်းသမီးဘဝ အစပိုင်းမှာ ဟာဗေးရဲ့ ကျူးလွန် မှုတွေ နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က နယူးယောက်ကာ မဂ္ဂဇင်း နဲ့ ဟာဗေး တို့ တွေ့ဆုံ ခဲ့ရာမှာ သူ့ အပေါ်မှာ စွပ်စွဲ ပြောဆို နေကြတဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကား မှုတွေ နဲ့ ပတ်သက်လို့ ငြင်းဆိုခဲ့ ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ က ဟာဗေး ဝိန်းစတိန်း ဟာ သူ့ရုပ်ရှင် ကုမ္ပဏီ ကနေ အလုပ်ထုတ်ပယ်ချင်း ခံခဲ့ရပါတယ်။ လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် မှုတွေ နဲ့ ပတ်သက်ပြီး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့က စုံစမ်း စစ်ဆေးမှုတွေကိုလည်း ဆောင်ရွက် နေကြပါတယ်။

ဂျော်ဂျီနာ ချပ်မန်း ကတော့ " ဟာဗေးရဲ့ ကျူးလွန်မှုကို ခံခဲ့ရတဲ့ အမျိုးသမီးအားလုံးကိုယ်စား သူလည်း နာကျင်ခံစားရပါတယ်၊ သူ့လုပ်ရပ်တွေက လုံးဝ ခွင့်လွှတ်ဖို့မကောင်းတဲ့ လုပ်ရပ်တွေမို့လို့ပါ " လို့ People မဂ္ဂဇင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျော်ဂျီနီယာ ချပ်မန်း နဲ့ ဝိန်းစတိန်းတို့မှား သားသမီးနှစ်ယောက်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ သမ္မတဟောင်း အိုဘားမားနဲ့ ဇနီးသည် မီရှဲလ် အိုဘာမား တို့ကလည်း လည်း ဝိန်းစတိန်းရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဝိန်းစတိန်းဟာ သမ္မတဟောင်း အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီ ကို ထောက်ခံပေးသူ ဖြစ်ပြီး ငွေကြေး အမြောက်အများ လှူဒါန်း ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း အိုဘားမားရဲ့ အကြီးဆုံးသမီး က ဝိန်းစတိန်းရဲ့ ကုမ္ပဏီမှာ အလုပ်သင် အဖြစ် အလုပ်ဝင်ခဲ့ဖူးပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဟာဗေး ဝိုင်းစတင်း ကို ဇနီးဖြစ်သူက စွန့်ခွာရန်ဆုံးဖြတ် ဟာဗေး ဝိုင်းစတင်း ကို ဇနီးဖြစ်သူက စွန့်ခွာရန်ဆုံးဖြတ် Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.