ကံရာဇာ ဆေးခန်း အတွင်း ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွား



အောက်တိုဘာ ၁၃

 မန္တလေး မြို့ ချမ်းမြသာစည် မြို့နယ် မြို့သစ် အမှတ် ( ၃ ) ရပ်ကွက် ၆၄ × ၆၅ လမ်းကြား မနော်ဟရီ လမ်းမြောက် ဖက် င / ၅ အိမ်အမှတ် ( ၁၂၄ )တွင် ဖွင့်လှစ်ထားသည့် ကံရာဇာ ဆေးခန်း အတွင်း  အောက်တိုဘာလ ( ၁၂ ) ရက်နေ့ညနေပိုင်းက ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အိမ်ရှင် ဒေါက်တာ တင်မောင် ညွှန့် ဖွင့် လှစ်ထား သည့် ကံရာ ဇာ ဆေးခန်း အတွင်း ရေများဝင်ရောက်ခဲ့သည့်အတွက် အဆိုပါဆေးခန်းမှ ဆေးအကူ လုပ် နေသည့် မငြိမ်း ငြိမ်း မြင့် အသက် ( ၂၀ ) နှစ်သည် မီးပလပ် ထိုး ပြီး ရေမော်တာကို ဖွင့် ခဲ့ရာ ရေလာမလာ သိရှိနိုင် ရန်အတွက် မော်တာအား ကိုင်မိ ခဲ့ရာ မှ အောက်တိုဘာလ ( ၁၂ ) ရက်နေ့ညနေပိုင်းက ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓါတ်လိုက်သေဆုံးမှုအား သက်ဆိုင်ရာနယ်မြေ ခံရဲစခန်း အမှတ် ( ၁၁ ) နယ်မြေ ရဲစခန်း မှ သေမှုသေ ခင်း အမှတ် စဉ် ( ၈ / ၂၀၁၇ )ဖြင့် အမှု ဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

သတင်း - ဓါတ်ပုံ ။ မင်းခန့်

ကံရာဇာ ဆေးခန်း အတွင်း ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွား ကံရာဇာ ဆေးခန်း အတွင်း ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.