ရခိုင်ဂေဇက်၊ အောက်တိုဘာလ ၁၁ ရက်
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဘိုကလေးကျောင်းကုန်းကျေးရွာ သင်္ချိုင်းအတွင်းသို့ အောက်တိုဘာလ ၁၀ ရက်နေ့က မသင်္ကာဖွယ်ရာ လူတစ်ဦးသည် ဆာလာအိတ်တစ်လုံးကို သယ်ဆောင်ကာ ဝင်သွားသဖြင့် ရွာသားများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ သွားရောက်စစ်ဆေးခဲ့ရာမှ အိတ်အတွင်း၌ တရားမဝင် သယ်ဆောင်လာသော ပြောင်ချိုများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
တွေ့ရှိခဲ့သည့် ပြောင်ချိုများမှာ ပြောင်ချိုအကြီး၏အကျယ် ၂ ပေ ၅ လက်မ၊ ချိုတစ်ချောင်း၊ အရှည် ၅ ပေ ၆ လက်မ၊ ခေါင်းအရှည် ၁ ပေ ၅ လက်မ၊ ခေါင်းအနံ ၁ ပေ ဖြစ်ပြီးပြောင်ချို
အသေး၏ အကျယ် ၉ လက်မ၊ ချိုတစ်ချောင်း အရှည် ၁ ပေ ၃ လက်မ၊ခေါင်းအရှည် ၁ ပေ ၄ လက်မ၊ ခေါင်းအနံ ၉ လက်မရှိသည့် ပြောင်ချို နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သဘာဝပတ်
ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစစ်ဆေးတွေ့ရှိရသော ပြောင်ချိုများကို သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်း
သိမ်းရေးဦးစီးဌာန၌ဆက်လက်ထိန်သိမ်းလျှက်ရှိပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျိန္တလီ ရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးအေးသန်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ကျိန္တလီမြို့ ဘိုကလေးကျောင်းကုန်းကျေးရွာ၌ တရားမဝင် သယ်ဆောင်လာသော ပြောင်ချိုများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
15:30
Rating:
