လင်မယားချင်း လူမှုရေးကိစ္စနှင့် ပက်သက်၍ စကားများရာမှ လူသတ်မှုဖြစ်ပွား


တောင်တွင်းကြီးမြို့နယ်၊ တက်ပုအောင်းကျေးရွာတွင် အောက်တိုဘာ(၂၄)ရက်နေ့က လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ တက်ပုအောင်းကျေးရွာနေ ဒေါ်ကြည်မြင့်၊၅၀နှစ် သည် အောက်တိုဘာ (၂၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့် နေအိမ်တွင် သမီးများဖြစ်သော မနှင်းနှင်းဝေ၊ မလင်း(ခ) အေးမြတ်မွန်၊၂၄နှစ်တို့ နှင့် အတူရှိနေစဉ် မလင်း(ခ)အေးမြတ်မွန်၏ ခင်ပွန်းဖြစ်သူ လှိုင်မောင်၊၂၈နှစ် ရောက်ရှိလာကာ နေအိမ်အောက်ထပ် မီးဖိုဆောင် အတွင်းတွင် လင်မယားနှစ်ဦး လူမှုရေးကိစ္စနှင့်ပတ်သက်ပြီးစကားများရန်ဖြစ်နေသဖြင့် ဒေါ်ကြည်မြင့်မှ တားမြစ်စဉ် လှိုင်မောင်မှ အနီးရှိ အရှည်(၂)ပေခန့်(၄×၂) ပျဉ်တုတ်ဖြင့် ဇနီးဖြစ်သူ မလင်း(ခ)အေးမြတ်မွန်၏ ဦးခေါင်းအား(၃/၄) ချက်ခန့် ရိုက်ရာ ဦးခေါင်းနောက်စေ့အထက် (၃)လက်မခန့်ပေါက်ပြဲ၊ ယာပါးဖူးရောင်ညိုမဲ၊ မေးစေ့ပေါက်ပြဲ၊ နား၊နှာခေါင်း၊ပါးစပ် သွေးထွက် ဒဏ်ရာများဖြင့် မီးဖိုချောင်အပေါက်ဝတွင် မှောက်လျှက်လဲကျ သေဆုံးခဲ့ကြောင်း တရားလို၏ တိုင်ကြားချက် အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ လှိုင်မောင်အား အရေးယူပေးပါရန် ဒေါ်ကြည်မြင့်မှ တရားလိုပြု တိုင်ကြားခဲ့သဖြင့် တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုလ်ကုန်းနယ်မြေရဲစခန်းကအမှုဖွင့်ထားသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင်မယားချင်း လူမှုရေးကိစ္စနှင့် ပက်သက်၍ စကားများရာမှ လူသတ်မှုဖြစ်ပွား လင်မယားချင်း လူမှုရေးကိစ္စနှင့် ပက်သက်၍ စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.