မန္တလေးမြို့ကျူံးဘေးတွင် ဆိုင်ကယ်ခိုးယူသူ(၁)ဦး ဖမ်းဆီးရမိ၊ ဆက်လက်စစ်ဆးချက်အရ ယခင်ဆိုင်ကယ်ခိုးမှုများပါ ဖော်ထုတ်နိုင်


အောက်တိုဘာလ ၂၇ရက်နေ့ ည(၁၉၃၀)အချိန်ခန့်က အောင်မြေသာစံ မြို့နယ်၊ ၂၆×၇၃လမ်းထောင့်တွင် အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးယူသူတသ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ယခင်က ခိုးယူရောင်းချခဲ့သော ဆိုင်ကယ်များကိုပါ သိမ်းဆည်းရမိသည်။


ဖြစ်စဉ်မှာ အမှတ်(၂)နယ်မြေရဲစခန်းမှ မန္တလေးတောင်ခြေရဲကင်းမှူးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ၂၆×၇၃ လမ်းထောင့်၊ ကျူံးဘေးတာဝန်ဆောင်ရွက်နေစဉ် မသင်္ကာသူတစ်ဦးမှ ဆိုင်ကယ်(၁)စီးအားသော့ဖွင့်ရန်ပြုလုပ်နေသည်ကိုတွေ့ရှိသဖြင့် သက်သေ(၂)ဦးနှင့်ဝိုင်းဝန်းဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်ခိုးယူရန်ကြိုးစားနေသူမှာ မင်းမင်း၊ ၃၂နှစ်(ဘ)ဦးခင်၊ ကျန်တန်း၊ တိုးချဲ့(၂)ရပ်ကွက် အမရပူရမြို့(ယခင်အင်းစိန်ဖေါ့ကန်ရပ်ကွက်)နေသူအား သော့အတု(၃)ချောင်းနှင့်အတူ ကျူံးဘေးမှခိုးယူခဲ့သောဆိုင်ကယ်များအား ပြည်ကြီးတံခွန်၊ မြင်းခြံ၊ မိတ္ထီလာမြို့များတွင် သွားရောက်ရောင်းချထားကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် သက်ဆိုင်ရာရဲစခန်းများမှ နယ်ထိန်းအဖွဲ့များနှင့်အတူပူးပေါင်း၍ သွားရောက်သိမ်းဆည်းခဲ့သည်။


ပြစ်မှုကျူးလွန်သူအား အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၇၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ဖြင့် အမှုဖွင့်အရေးယူထားပြီး ကျန်ပြစ်မှုများအတွက် ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဆိုင်ကယ်ပျောက်ဆုံးသူများအနေဖြင့် ၄×၅လမ်းကြား၊ ၇၆လမ်းရှိ အမှတ်(၂) နယ်မြေရဲစခန်းသို့ သွားရောက်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

(Ah Lin Nge)
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့ကျူံးဘေးတွင် ဆိုင်ကယ်ခိုးယူသူ(၁)ဦး ဖမ်းဆီးရမိ၊ ဆက်လက်စစ်ဆးချက်အရ ယခင်ဆိုင်ကယ်ခိုးမှုများပါ ဖော်ထုတ်နိုင် မန္တလေးမြို့ကျူံးဘေးတွင် ဆိုင်ကယ်ခိုးယူသူ(၁)ဦး ဖမ်းဆီးရမိ၊ ဆက်လက်စစ်ဆးချက်အရ ယခင်ဆိုင်ကယ်ခိုးမှုများပါ ဖော်ထုတ်နိုင် Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.