ကျင်စက်ဖြင့်ငါးရှာနေစဉ် ခြေချော်လဲကျရာမှ ဘက္ထရီရှော့ဖြစ်၍ သေဆုံး


ငဖဲ အောက်တိုဘာ ၁

မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာအုပ်စုပဒါန်း-ငဖဲကားလမ်း မိုင်တိုင်အမှတ်(၆/၄)မိုင်အနီးကားလမ်း၏ ယာဘက် (၇)ပေခန့်အကွာ လယ်ရေသွင်းမြောင်းအတွင်း စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦး ကျင်စက်ဖြင့် ငါးရှာနေစဉ် ခြေချော်လဲကျရာမှ ဘက္ထရီရှော့ဖြစ်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား သေဆုံးနေကြောင်း ပန်းတိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြင့် အကြောင်းကြားချက်အရ ငဖဲမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်နှင့်အဖွဲ့မှ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ စန်းလွင် (၂၂) နှစ် (ဘ)ဦးထွန်းလွင် ပေါင်းကလေးကျေးရွာနေသူသည် ရေအနက်(၃)ပေ၊အကျယ်(၇)ပေခန့်ရှိလယ်ရေသွင်းမြောင်းအတွင်း ကျင်စက်ဖြင့် ငါးဖမ်းနေစဉ် ၄င်း၏ ၀ဲဘက်ခြေထောက်မှာ မွေးရာပါ မသန်စွမ်းသူဖြစ်၍ ခြေချော်လဲရာမှ ဘတ္ထရီရှော့ဖြစ်ပြီး ရေနစ်သေဆုံး နေသည်ကိုစစ်ဆေးတွေ့ရှိရ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
https://www.facebook.com/thannaing.oo
ကျင်စက်ဖြင့်ငါးရှာနေစဉ် ခြေချော်လဲကျရာမှ ဘက္ထရီရှော့ဖြစ်၍ သေဆုံး ကျင်စက်ဖြင့်ငါးရှာနေစဉ် ခြေချော်လဲကျရာမှ ဘက္ထရီရှော့ဖြစ်၍ သေဆုံး Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.