ပိန်းချောင်းရွာအနီး ဒဏ်ရာများနှင့် လူအလောင်းတွေ့ရှိ တရားခံအား အပူတပြင်းရှာဖွေနေ


ညောင်တုန်း အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပိန်းချောင်းကျေးရွာအနီး ဝါးရုံအောက်တွင် အရက်မူးပြီးလဲနေသည်ဟုယူဆရသော လူတယောက်ကို ဒေသခံများမှအောက်တိုဘာလ၉ရက်နံနက်စောစောတွင်တွေ့ရှိပြီး လဲနေသူမှာလှုပ်ရှားမှုမရှိသောကြောင့် ပိန်ချောင်းရွာမှသက်ဆိုင်ရာအုပ်ချုပ်ရေးမှုးသို့ သတင်းပို့  အသိပေးခဲ့ကြသည်။

သတင်းရလျှင်ရချင်း နယ်မြေအုပ်ချုပ်ရေးမှုး ဦးစိုးကြည်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးရာ စကေဘာနှင့် ထိုးသည်ဟုယူဆရသော သုံးမြောင့် ဒဏ်ရာများဝဲနှင့် ယာရင်အုံလက်မောင်းနေရာများတွင်တွေရှိပြီး ဥတိုကျေးရွာမှ အဖ ဦးကျော်ကွိ၏သား ကိုမြင့်အောင်(၄၂)နှစ်ဖြစ်ကြောင်းသိရသဖြင့် ညောင်တုန်းမြို့နယ်ရဲစခန်းသို့ ဆက်လက်တိုင်ကြားခဲ့ကြောင်းသိရသည်။

"ည၁၁နာရီလောက်က ကိုမြင့်အောင်အိပ်နေတာ နှိုးပြီးခေါ်သွားတာ သူဆုံးပြီဆိုတာ မနက်ကျလာပြောမှသိရတာ ဒီလိုဘဲအပေါင်းအသင်းတွေနဲ့သွားနေကျဆိုတော့ အမှုမဲ့ အမှတ်မဲ့နေလိုက်မိပါတယ်" ဟုသေဆုံးသူဇနီးကပြောသည်။

ယင်းလူသတ်မှုကိုညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး လူသတ်တရားခံအား အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် အပူတပြင်းကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း ညောင်တုန်းမြို့နယ်ရဲစခန်းမှသိရပါသည်။

ကိုသက်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ပိန်းချောင်းရွာအနီး ဒဏ်ရာများနှင့် လူအလောင်းတွေ့ရှိ တရားခံအား အပူတပြင်းရှာဖွေနေ ပိန်းချောင်းရွာအနီး ဒဏ်ရာများနှင့် လူအလောင်းတွေ့ရှိ တရားခံအား အပူတပြင်းရှာဖွေနေ Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.