နယ်စပ်ခြံစည်းရိုးကာရံဖို့ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိ

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်းက တွေ့ရစဉ်။ Photo: Thiha Tun/ RFA
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် မနေ့ကအထိ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ဗုဒ္ဓဂယာ အိန္ဒိယက ဒေါက်တာအရှင် သူရိယဓဇ က အလှူငွေကျပ် သိန်း ၉၀ ကျော် ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နယ်စပ်ခြံစည်းရိုးကာတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ငွေကျပ် ၂၀ ဘီလီယံကို နိုင်ငံတော်အစိုးရက ပထမ အဆင့်အနေနဲ့ ထုတ်ပေးထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အရေးကြီးတဲ့ မေယုတောင်တန်းနဲ့အပြိုင် ဖောက်လုပ်မယ့် လမ်းမကြီး ၂ လမ်း၊ မေယုတောင်တန်း ကို ဖြတ်ကျော်ဖောက်လုပ်မယ့် မေယုတောင်ကျော်လမ်းမကြီး ၂ လမ်းပါဝင်တဲ့ မေယုတောင်တန်းလမ်းကွန်ရက် ဖောက်လုပ်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီဖြစ်တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
နယ်စပ်ခြံစည်းရိုးကာရံဖို့ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိ နယ်စပ်ခြံစည်းရိုးကာရံဖို့ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.