ဆရာတော်ကြီးများအား ကန်တော့ရန် သွားရောက်သည့် တုန်ဖုန်းယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား


မိုးကောင်း အောက်တိုဘာ ၁၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဝါကျွတ်ကာလတွင်ဒေသ ၏ဓလေ့အရ ဒေသခံပြည်သူများက ဆရာတော်ကြီးများအား ဂါရဝပြုကန် တော့ခြင်းများရှိကာ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက ဆရာတော်ကြီးများ အား လှည့်လည်ကန်တော့ရန် သွားရောက်သည့် တုန်ဖုန်းယာဉ်တစ်စီးမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၉ ရက် နံနက် ၇နာရီခွဲက မိုးကောင်းမြို့ နေထွန်းနိုင်(ခ)ကျော်ကျော်(၂၅နှစ်) မောင်းနှင်သည့် တုန်ဖုန်းအပြာရောင် ဆရာတော်များအား လှည့်လည်ကန်တော့ယာဉ်မှာ အောင်သာကျေးရွာ ဘုန်းတော်ကြီးအား ကန်တော့အပြီး အုတ်ကျင်း ကျေးရွာဘုန်းတော်ကြီး အား ကန်တော့ရန် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ ပြည်ထောင်စုလမ်းမ ကြီးအတိုင်း မောင်းနှင်လာစဉ် သုံးမိုင်ကွေ့အရောက်တွင် လမ်း၏ယာ ဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ပေါ်ပါဒေသခံပြည်သူ၂၄ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဉ်ကြောင့် မိုးကောင်းမြို့မရဲတပ်ဖွဲ့စခန်းမှူးဒုတိယရဲမှူးသန်းထိုက် နှင့်ရဲတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ ဒဏ်ရာရပြည်သူများကို မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ယာဉ်မောင်း ထွန်းနိုင်(ခ)ကျော် ကျော်အား ယာဉ်စည်းကမ်းဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
ဆရာတော်ကြီးများအား ကန်တော့ရန် သွားရောက်သည့် တုန်ဖုန်းယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ဆရာတော်ကြီးများအား ကန်တော့ရန် သွားရောက်သည့် တုန်ဖုန်းယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.