ဖိလစ်ပိုင် မာရာဝီ အစွန်းရောက် လက်က လွတ်မြောက်ပြီ

ဂျီဟာ့ဒစ်စ် လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သမ္မတ Rodrigo Duterte က ထုတ်ဖော်ကြေညာ
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့ဟာ ဂျီဟာ့ဒစ်စ် လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သမ္မတ Rodrigo Duterte က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

IS အစ္စလာမစ် နိုင်ငံလို့ ဆိုတဲ့ အဖွဲ့ကို သစ္စာ စောင့်သိတဲ့ သူပုန် မဟာမိတ်အဖွဲ့ တဖွဲ့က အဲဒီမြို့ကို ၅လနီးပါး ထိန်းချုပ်ထားခဲ့ပြီး ဖိလစ်ပိုင် စစ်တပ်နဲ့ တိုက်ပွဲတွေ အတွင်း လူ တထောင်နီးပါး သေဆုံးခဲ့ပါတယ်။

စစ်သွေးကြွ ခေါင်းဆောင် နှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြု ခဲ့အပြီး တရက်အကြာမှာ သမ္မတ ဒူတဲတေး မာရာဝီမြို့ ကို သွားရောက်စဉ် အခုလို ထုတ်ဖော် ကြေညာခဲ့တာပါ။

လောလောဆယ် မလေးရှားသူပုန်တပ်မှူး မာမွတ် အာမက်ဒ် အပါအဝင် စစ်သွေးကြွ ၂၀ကျော်ကို ဖိလစ်ပိုင်စစ်တပ်က လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖိလစ်ပိုင် မာရာဝီ အစွန်းရောက် လက်က လွတ်မြောက်ပြီ ဖိလစ်ပိုင် မာရာဝီ အစွန်းရောက် လက်က လွတ်မြောက်ပြီ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.