ဝန်းသို ဆရာတော် ဘုရားကြီး အရိုးတော်မှ ဓာတ်တော်အဖြစ်ပြောင်းလဲသွား၍ လာရောက်ဖူးမျှော်သူများပြား


မြစ်ကြီးနား - အောက်တာဘာ ၂၄

ဝန်းသို ဆရာတော် ဘုရားကြီး အရိုးတော်မှ ဓာတ်တော်အဖြစ်ပြောင်းလဲသွား၍ လာရောက်ဖူးမျှော်သူများအဆင်ပြေစေရန် ဓမ္မရက္ခိတဝန်သိုကျောင်းတိုက်၏ သုံးထပ်ဆောင်တွင် ပင့်ဆောင်၍ အပူဇော်ခံ ထားရှိကြောင်း သိရသည်။

မကြာမီရက်ပိုင်းကမှ မီးသင်္ဂြုလ်လိုက်သော ၀န်းသိုကျောင်းဆရာတော် ဘဒ္ဒန္တသီလ၀ံသ၏ ကြွင်းကျန် အရိုးတော်အနည်းငယ်ခန့်ကို စေတီတည်ရန်အတွက် ယူဆောင်လာခဲ့ရာ သုံးရက်အကြာတွင် အရိုးတော်မှ ဓာတ်တော်များအဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့၍ယခုလိုအပူဇော်ခံထားရှိကြောင်း ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက်၏ ဆရာတော် ဥူးနန္ဒိမာ ကမိန့်ကြားသည်။
"ဆရာတော်ရဲ့ဓာတ်တော်တွေ ကွန့်မြူးနေတယ်ဆိုလို့ လာရောက်ဖူးမျှော်တာပါ။ရင်ထဲက အတိုင်မသိဝမ်းသာပါတယ် ။ ကံကောင်းလို့အခုလို ဓာတ်တော်တွေ ဖူးမျော်ခွင့်ရတာပါ" ဟု မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ ဒေါ်အေးခေါင် မှပြောသည်။


ကျန်းဂန်များအရ ဓာတ်တော်ကျနိုင်သော ပုဂ္ဂိုလ်များမှာ အရိယာနယ်ပယ်သို့ ရောက်ရှိသွားသည့် ပုဂ္ဂိုလ်များတွင်သာ ဖြစ်နိုင်ပြီး အခြားပုဂ္ဂိုလ်များ မဖြစ်နိုင်ကြောင်း ဆရာတော်က ဥူးနန္ဒိမာ မိန့်ကြားသည်။

"ပြောင်းလဲနိုင်တယ်ဆိုတာကတော့ အရိယာပုဂ္ဂိုလ်မှပဲ ပြောင်းလဲလို့ရတာ။ အရိယာမဟုတ်ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရိယာနယ်ပယ်မရောက်တဲ့ ပုဂ္ဂိုလ်က ဒါမျိုး ဘယ်တော့မှ မဖြစ်ဘူး။ ပြီးတော့ ထူးခြားတာတွေတော့ရှိတာပေါ့။ ဆရာတော်ကြီးထူးခြားတာက ရောဂါကြီးမှု ညည်းညူမရှိ သတိမမေ့ ခြေနေသိမြင် အဲ့ဒါတွေ အကုန်လုံး ပြည့်စုံတယ်လေ။ တစ်ခါမှ ညည်းတာလည်း မရှိဘူး။ သူစုတေခါနီးအထိပေါ့ ။ စုတေခါနီးအထိ သတိကမမေ့ဘူး။ တစ်နာရီနဲ့ ဆယ့်ငါးမှာ ၀ိညာဉ်ချုပ်တယ်လေ။"ဟု ဆရာတော် ပျံလွန်သည့် အခြေအနေကို ဆရာတော် ဥူးနန္ဒိမာ ပြန်ပြောင်းမိန့်ကြားသည်။


ပြောင်းလဲသွားသော ဓာတ်တော်များကို ကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ မြေကွက်လပ်တွင် ဘုံခုနစ်ဆင့် လွမ်းစေတီတည်၍ ဌာပနာထားမည်ဖြစ်ကြောင်း သိရသည်။

ဝန်းသိုဆရာတော် ဘဒ္ဒန္တသီလ၀ံသ သည် သက်တော် ၉၂ နှစ် ၀ါတော် ၇၂ ၀ါ ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ပျံလွန်တော်မှုပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မီးသင်္ဂြုလ်ခဲ့ခြင်းဖြစ်သည်။

EPN
https://www.facebook.com/epngnews/
ဝန်းသို ဆရာတော် ဘုရားကြီး အရိုးတော်မှ ဓာတ်တော်အဖြစ်ပြောင်းလဲသွား၍ လာရောက်ဖူးမျှော်သူများပြား ၀န်းသို ဆရာတော် ဘုရားကြီး အရိုးတော်မှ ဓာတ်တော်အဖြစ်ပြောင်းလဲသွား၍ လာရောက်ဖူးမျှော်သူများပြား Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.