၂၃ အောက်တိုဘာ ၂၀၁၇
ထိုင်းမြောက်ပိုင်း ဖဲ့ ပြည်နယ်(ထိုင်း-မြန်မာ-လာအို နယ်စပ် ရွှေတြိဂံဒေသ အနီးဆုံး ပြည်နယ် ) ဝေ့လိုက် ရဲစစ်ဆေးရေးဂိတ် မှာ ခရီးသည်တင် ကားတစီးပေါ်လိုက်ပါလာသူတွေကို မှတ်ပုံတင် တက်ရောက်စစ်ဆေးနေရာမှာ အမျိုးသမီးငါးဦးဟာ မျက်နှာပျက်ပြီး စိတ်လှုပ်ရှားနေကြတာကို ရဲတွေက မင်္သကာဖြစ်ပြီး အဆိုပါ အမျိုးသမီးတွေကို ရှာဖွေရေး ရဲမေတွေက အသေးစိတ်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အမျိုးသမီးငါးဦးဟာ သူတို့ ကိုယ်ထဲမှာ စိတ်ကြွဆေးပေါင်း 20,180 နှစ်သောင်းကျော် ဖွတ်ယူလာကြတာကို တွေ့ ရှိခဲ့ပြီး ဖမ်းဆီးလိုက်ပါတယ်၊ သူတို့ ကိုငွေပေးခိုင်းစေခဲ့သူတွေကိုပါ နောက်ဆက်တွဲ ဖေါ်ထုတ်ဖမ်းဆီးမှာ ဖြစ်ကြောင်းလည်း တာဝန်ကျရဲအရာရှိ Lt. Col. Sirimongkol Practice စီရီမွန်ကို ကပြောကြားပါတယ်။
အမျိုးသမီးတွေဟာ ထိုင်းတောင်ပိုင်း စဒေါင်ပြည် နယ် မှတ်ပုံတင်တွေ ကိုင်ဆောင်ထားကြသူတွေဖြစ်ပါတယ်။
ဖမ်းမိတဲ့ မူးရစ်ဆေးဝါးတွေဟာ မြောက်ပိုင်း ချင်စန်ဒေသကနေ ယူလာကြတာဖြစ်ပြီး တောင်ပိုင်းက မူးယစ်ကုန်သည်တွေဆီ တဆင့်လွဲပေးရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်နှိမ်းနင်ရေးကို တိုးမြင့်လုပ်ဆောင်လာနေတာကြောင့် ခုလို အမျိုးသမီးတွေရဲ့ ကိုယ်တွင်းမှာ ဖွတ်ပြီး ယူတဲ့ နည်းကို သုံးနေကြတာဖြစ်ပါတယ်။
Social Action for Children and Women - SAW
ရာဘ စိတ်ကြွဆေးများအား ကိုယ်ပေါ်တွင် ဖွတ်ယူသယ်ဆောင်လာကြသည့် အမျိုးသမီးငါးဦး ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:02
Rating:
