ရိုဟင်ဂျာအရေး ကုလဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို


ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများ ပြန်ပို့ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းတံတားဝန်ကြီး Obaidul Quader ကတောင်းဆိုလိုက်တယ်လို့ Daily Star သတင်းစာမှာ ဖေါ်ပြပါတယ်။

ဝန်ကြီး Quader ဟာအ၀ါမီ အဖွဲ့ချုပ် ပါတီရဲ့ အထွေထွေအတွင်းအရေးမှူးလည်းဖြစ်ပါတယ်။ သူ့အဆိုအရ အခုပြဿနာကို အဆုံးသတ်နိုင်ဖို့ ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။ အလားတူ ပြဿနာတွေပြီးဆုံးအောင် အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်း အနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

ဒီအတောအတွင်း အီရန်နိုင်ငံ က ဆူနီဘာသာရေးခေါင်းဆောင် Molavi Abdolhamid ကလည်း အစ္စလာမ္မစ်နိုင်ငံများနဲ့ လူ့အခွင့်အရေးအဖွဲ့များကို မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မွတ်စလင်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မူနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားနေတာရပ်တန်းကရပ်ဖို့ ဆောင်ရွက်နိုင်တယ်လို့ပြောပါတယ်။ လက်ရှိမှာ ရွာတွေ ဖျက်စီး မီးရှို့ခံနေရတာအပြင် ရာနဲ့ ချီပြီး အသတ်ခံနေရတာဖြစ်တယ်လို့ Iran Daily သတင်းမှာ ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာအရေး ကုလဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို ရိုဟင်ဂျာအရေး ကုလဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.