မုံရွာ ရက္ကန်းလုပ်သားအများစု လုပ်အားခ ဈေးကောင်းသဖြင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်သူ များပြားလာ


မုံရွာ၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ရက်ကန်းလုပ်ငန်းများကို အဓိက အသက်မွေးဝမ်း လုပ်ငန်းတစ်ရပ်အဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာခဲ့ကြသည်။ ထို့ကြောင့် လူငယ်အများစုမှာ ရက္ကန်းပညာများကို ကျွမ်းကျင်စွာ တတ်မြှောက်ထားသူများဖြစ်ကြသည်။ ယခုအခါ အဆိုပါ ရက္ကန်းပညာ တတ်ကျွမ်းထားသည့် လူငယ်များသည် ၎င်းတို့၏ ကျေးရွာများတွင် ရက္ကန်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိဘဲ လုပ်အးခ ဈေးကောင်းသဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်၊ အိုက်ဇောမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးလက်ဒေသများရှိ ယက္ကန်းအလုပ်ရုံများသို့ သွားရောက်၍ လုပ်ကိုင်လျက်ရှိကြောင်း မုံရွာမြို့နယ်၊ ကံပြားကြီးကျေးရွာ ရှိ ရက္ကန်းကုန်ထုတ်လုပ်မှုသမ အသင်းသားများထံက သိရသည်။
` ရွာမှာထက် တောင်ပေါ်က လက်ခဈေးပိုးရတာကြောင့် လူငယ်အများစုက သွားရောက်လုပ်ကိုင်ကြတာပါ…´ ကံပြားကြီးကျေးရွာ၊ ပေကုန်းရပ်ကွက်ပိုင်းရှိ ရက္ကန်းလုပ်ငန်းရှင် တစ်ဦးမှ ဆက်လက်၍ ပြောပြသည်။

အဆိုပါ မုံရွာမြို့နယ် ကံပြားကြီးလေးရွာတွင် အိမ်တွင်းမှု လက်ရက္ကန်း အသင်းဝင်း လုပ်ငန်းရှင် ၆၇ ဦးခန့်ရှိသည်။ နေ့စဉ် ရက္ကန်း ရက်လုပ်ကြသည့် လုပ်သားပေါင်း တစ်ရာကျော်ခန့်ရှိသည်။

၎င်းဒေသမှ ထုတ်လုပ်ရောင်းချသည့် ရက္ကန်းထည် ကုန်ချောများမှာ တိုင်းရင်းသား ရိုးရာလုံချည်များဖြစ်ကြသည်။ ထိုလုံချည်များ၏ ဒေသပေါက်ဈေးနှုန်းမှာ ချစ်စနှိုးဦး ၊ သက်မွန်မြင့်၊ တင့်ဇာဝင့်ကျော်၊ ပိုးပြည့် စသည့်အမည်ပါ လုံချည်ကွင်း တစ်ကွင်လျင် တစ်သောင်းတစ်ထောင်ကျပ်ဖြစ်သည်။ ယင်းဈေးနှုန်းသည် သာမာန်ဈေးနှုန်းဖြစ်သည်။

အထူးအပ်ထည် လုံချည်တစ်ကွင်လျင် ကျပ်နှစ်သောင်းအထက်မှ ကျပ်တစ်သိန်းဝန်းကျင်အထိ
ဈေးနှုန်းများရှိကြောင်း သိရသည်။
၎င်း ဒေသထွက် တိုင်းရင်းသားရိုရာ လုံချည်ကွင်းများ၏ အရွယ်အစားဆိုက်မှာ ကွင်းအကျယ် ၇၅ လက်မ၊ အနံ ၄၄ လက်မခန့်ရှိသည်။ အဆိုပါ လုံချည်ကွင်းများကို ရက်လုပ်မည်ဆိုပါက သာမာန်လုံချည်ကွင်း တစ်ကွင်း၏ ရက်လုပ်ခနှုန်းထားမှာ နှစ်ထောင့်နှစ်ရာကျပ်မှ၊ သုံးထောင်ငါးရာကျပ်တန်းအထိ လုံချည်အကွက်အစင်များပေါ်မူတည်၍ လုပ်အားခများပေးရ ကြောင်းသိရသည်။

ထိုဒေသရှိ လက်ယက္ကန်းလုပ်ငန်းပိုင်ရှင်ကြီးများမှ မြန်မာ့ရိုးရာ အခါကြီးနေ့ကြီးများသို့ ရောက်ရှိရန် နီးကပ်လာလျင် လက် ရက္ကန်းခတ် ယက္ကန်းသမလေးများအား မိမိတို့ နှစ်သက်ရာ အကွက်ဆန်းများကို ၎င်းတို့၏ ဆန္ဒသဘောအတိုင်း ရက်လုပ်၍ ၀တ်ဆင်ရန် လုပ်ငန်းရှင်များက ခွင့်ပြုပေးခဲသည်။

ထိုသို့ဆောင်ရွက်ပေးရခြင်းမှာ ယက္ကန်းလုပ်ငန်းပိုင်ရှင်များထက် ယက္ကန်းလုပ်သားများမှ ကိုယ်ပိုင်ဥာဏ် ဒီဇိုင်အကွက်ဆန်းများ တီထွန်ကြံဆလိုစိတ်များ ရှင်သန်နိုင်စေရန် မွေးမြူပေးရခြင်းဖြစ်သည်ဟု ယက္ကန်းလုပ်ငန်းပိုင်ရှင်ကြီးတစ်ဦးမှ ပြောပြသည်။

ယခုအခါ မုံရွာမြို့နယ်အတွင်းရှိ ကျေးလက်များမှ ရက္ကန်းပညာတတ်ကျွမ်းသည့် လူငယ်အများစုသည် ကျေးရွာတွင် အိုးအိမ်မကွာ ရက္ကန်းရက်လုပ်ရခြင်းထက် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်၍ တောင်ပေါ်ကျေးလက်များတွင် ရက္ကန်းရက်လုပ်ရခြင်းမှာ ၀င်ငွေပိုမိုရသည်ဟုဆိုကာ သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် မုံရွာဒေသထွက် တိုင်းရင်းသားရိုးရာ ၀တ်စုံအထည်များသည် ၀ယ်ယူလိုအားမြင့်တက်လာခဲ့သော်လည်း အလုပ်သမားရှားပါးလာမှုကြောင့် ထင်သလောက်ခရီးမပေါက်ဘဲ အခက်ကြုံနေလျက်ရှိကြောင်း သိရသည်။

ကိုတိုးကြီး ( မုံရွာ)
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ ရက္ကန်းလုပ်သားအများစု လုပ်အားခ ဈေးကောင်းသဖြင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်သူ များပြားလာ မုံရွာ ရက္ကန်းလုပ်သားအများစု လုပ်အားခ ဈေးကောင်းသဖြင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်သူ များပြားလာ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.