ဘုရားဖူးခရီးသည်တင်ယာဉ် တိမ်းမှောက်၊ နှစ်ဦးသေဆုံး၊၂ဝ ဒဏ်ရာရ


ပန်းတောင်း အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာ အနီး ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က ဘုရားဖူးခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ၂ဝ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာအုပ်စု ပဲကြီးကျေးရွာအနီး ပုသိမ်-မုံရွာ အဝေးပြေး လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၉/၅ နှင့် ၁၄၉/၆) ကြားတွင် မုံရွာမှ ပုသိမ်ဘက်သို့ ယာဉ်မောင်း ဇော်မင်း(၅၁နှစ်) သာကေတမြို့နယ်နေသူ မောင်းနှင်သောBGO 9M/---- ဘုရားဖူးခရီးသည်တင်ယာဉ်သည် လမ်းဖြတ် ကူးနေသော ဘဲငန်းများကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

တိမ်းမှောက်ယာဉ်ပေါ်ပါ ခရီးသည် စုစုပေါင်း ၂၈ ဦးအနက် မစန်းစန်းအေး(၄၃နှစ်) မြောက်ဒဂုံနေသူနှင့် ဒေါ်အေးအေးမြင့် (၆၈နှစ်) (၁၂) ရပ်ကွက် သာကေတနေသူတို့မှာ ဒဏ်ရာများ ဖြင့် သေဆုံးခဲ့သည်။ ကျန်ခရီးသည် အမျိုးသားသုံးဦး၊ အမျိုးသမီး ၁၇ ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ထုံးဘိုကျေးရွာ တိုက်နယ် ပြည်သူ့ဆေးရုံသို့ နာရေးကူညီမှုယာဉ်များဖြင့် ပို့ဆောင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထုံးဘိုနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပန်းတောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရားဖူးခရီးသည်တင်ယာဉ် တိမ်းမှောက်၊ နှစ်ဦးသေဆုံး၊၂ဝ ဒဏ်ရာရ ဘုရားဖူးခရီးသည်တင်ယာဉ် တိမ်းမှောက်၊ နှစ်ဦးသေဆုံး၊၂ဝ ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:49 Rating: 5
Powered by Blogger.