အစိုးရအရာရှိတွေရဲ့ အကျင့်ပျက် ချစားမှုကို စုံစမ်းဖော်ထုတ်တဲ့သတင်းသမား ဗုံးခွဲ တိုက်ခိုက်ခံရ

ဗုံးခွဲ တိုက်ခိုက်ခံရတဲ့ စုံစမ်း ဖော်ထုတ်ရေး သတင်းသမား Daphne Caruana Galizia
မော်လတာနိုင်ငံက ထိပ်တန်း စုံစမ်းဖော်ထုတ်သူ သတင်းထောက်Daphne Caruana Galizia ဟာ ကားမောင်းသွားစဉ် အင်အားပြင်း ဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတာကြောင့် သူ သေဆုံးသွားပါတယ်။

သူဟာ ဝန်ကြီးချုပ် အပါအဝင် ထိပ်တန်း နိုင်ငံရေး သမားတွေ အဂတိ လိုက်စားမှု သတင်းတွေကို စုံစမ်း ဖော်ထုတ် ကာ သူဘလော့မှာ ရေးသား တင်ဆက်လေ့ ရှိတာ ဖြစ်ပါတယ်။

လူဉီးရေ အနည်းငယ်သာ ရှိတဲ့ မြေထဲပင်လယ် ကျွန်းနိုင်ငံလေးမှာ ဒီဖြစ်ရပ်ကြောင့် တုန်လှုပ်ခြောက်ခြားနေကြပြီး ထောင်နဲ့ချီတဲ့ လူတွေက ၀မ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်းတိုင်မီးထွန်း ဆုတောင်းခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဂျိုးဇက်ဖ် မက်စ်ကတ်ထ် ကလည်း သတင်းသမားကို သတ်ဖြတ် တိုက်ခိုက်တာဟာ သတင်းလွတ်လပ်ခွင့် အပေါ် ကြမ်းတမ်း ရိုင်းစိုင်းတဲ့ လုပ်ရပ်ဘဲလို့ ဆိုပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အစိုးရအရာရှိတွေရဲ့ အကျင့်ပျက် ချစားမှုကို စုံစမ်းဖော်ထုတ်တဲ့သတင်းသမား ဗုံးခွဲ တိုက်ခိုက်ခံရ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက် ချစားမှုကို စုံစမ်းဖော်ထုတ်တဲ့သတင်းသမား ဗုံးခွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.