ကထိန်အလှူအပြန်မှာ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ အောက်တိုဘာလ (၃၁) ရက်နေ့ မွန်းလွဲ (၂ ) နာရီအချိန်ခန့်က ဆယ်တန်းကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင် ရွာမကျေးရွာအုပ်စု ကျွန်းခင်းကျေးရွာနားမှာ စီးဆင်းနေတဲ့ တုံကန်ချောင်းရေဝဲအတွင်း ကို မောင်စိုးထက်အောင် ၁၇ နှစ် ဆယ်တန်း အ.ထ.က နဲ့ မောင်အေးမင်းထွေး ၁၈ နှစ် ဆယ်တန်း (ပြင်ပ) ကျွန်းခင်းကျေးရွာ နေသူနှစ်ဦးမှာ တုံကန်ချောင်းအတွင်း ကို ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ရပြီး ညနေငါးနာရီအချိန်ခန့်မှာ သေဆုံး နေတဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီး ပဲနွယ်ကုန်းတိုက်နယ် ဆေးရုံ ကို သယ်ယူသွားပါတယ်။
"ဒီနေ့တော့ရွာကထိန်ရှိနေကြတာလေ ခလေးတစ်ယောက်ကဆယ်တန်းတက်နေတာ ကထိန်ရှိလို့ဒီနေ့မှ ကျောင်းမသွားတာ တစ်ယောက်ကတော့ စာမလိုက်နိုင်လို့ဆိုပြီး ကျောင်းမတက်တာ သုံးလလောက်ရှိပြီး ချောင်းရွာကနီးနီးလေးပါ တရားနာလာတဲ့ အခြားရွာကလူတွေက ဖြတ်သွားရင်း ရေနစ်နေတာပြောမှ သိရတာ ဝဲထဲရောက်သွား တော့ ဘယ်လိုမှ ဆယ်မရဘူးဖြစ်သွားတယ် မိုးချုပ်မှပြန်တွေ့တယ် ခုကတော့ ပဲနွယ်ကုန်းဆေးရုံကို သယ်သွားကြပြီး သူ့တို့ဆရာမတွေလည်းလာကြပါတယ်"လို့ဆိုပါတယ်။

သတင်းထောက် ........ ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews/
ကထိန်အလှူအပြန်မှာ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး ကထိန်အလှူအပြန်မှာ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.