ကျိုင်းတုံအ၀င် ဘီးခွန်ကောက်စခန်းတွင် အိုက်စ် ကီလို(၂၅၀) သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တောင်ကြီးမှ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်း တွင် အောက်တိုဘာလ (၂၅) ရက် နေ့ မနက်ပိုင်း က ICE အဖြူရောင်ပုံဆောင်ခဲတစ်ကီလိုစီပါသည့်အိတ်ပေါင်း(၂၅၀)အား မော်တော်ယာဉ်ဖြင့် သယ်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းပျင်းမြို့တွင် နေထိုင်သူ မြ၀င်း ဆိုသူသည် ၎င်း ၏ ကိုယ်ပိုင်ကားဖြင့် မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့တွင်းသို့သယ်ဆာင်လာကြောင်း သတင်းရရှိ၍ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ စရဖ (တသခ) မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်း တွင် စစ်ဆေးမှု များ ပြုလုပ်ရာ မှ ဖမ်းဆီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းတွင် မိုင်းပျင်းမြို့ဘက်မှကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသည့် ကားအား ရပ်တန့်စစ်ဆေးရာ ကားအတွင်းမှ ICE အဖြူရောင် ပုံဆောင်ခဲ တစ်ကီလိုစီပါဝင်သည့် အိတ်ပေါင်း (၂၅၀) စုစုပေါင်း အလေးချိန် (၂၅၀)ကီလိုဂရမ်အား စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည် ။

 မူးယစ်ဆေးဝါး သယ်ဆောင်လာ သူ မြဝင်း ဆိုသူ အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၃၀/၂၀၁၇၊မူး/စိတ်/တားပုဒ်မ၁၅/၁၉(က)/၂၀(က)/၂၁အရအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မယ(၂၈)
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ
https://www.facebook.com/TachileikDistrictGAD/
ကျိုင်းတုံအ၀င် ဘီးခွန်ကောက်စခန်းတွင် အိုက်စ် ကီလို(၂၅၀) သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိ ကျိုင်းတုံအ၀င် ဘီးခွန်ကောက်စခန်းတွင် အိုက်စ် ကီလို(၂၅၀) သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.