ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦး အသတ်ခံရပြီးနောက် ကိုတော့ပလောင် ဒုက္ခသည်စခန်းတွင် ရဲကင်းစခန်း ၅ ခု တည်ဆောက်ရန် အစိုးရညွှန်ကြား


နိရဉ္စရာ ၊ အောက်တိုဘာ ၃၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တစ်ဦးအသတ်ခံရပြီးနောက် လုံခြုံရေး တိုးမြှင့်ရေးအတွက် ကိုတော့ပလောင် ဒုက္ခသည် စခန်းတွင် ရဲကင်းစခန်း ၅ ခုတည်ဆောက်ရန် ဘင်္ဂလာ ရဲတပ်ဖွဲ့ကို ဘင်္ဂလာဒေ့ရှ် အစိုးရက ညွှန်ကြားလိုက်သည်။

ထိုသို့ ရဲကင်းစခန်းများတိုးမြှင့် တည်ဆောက်ရန် အတွက် လွန်ခဲ့သည့် တနင်္ဂနွေက ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီး ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားခဲ့သည်ဟု Bdnews 24 တွင် သတင်း ဖော်ပြသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေး ၀န်ကြီး Mofazzal Hosain Chowdhury Maya က မြန်မာနိုင်ငံက ၀င်ရောက်လာသည့် ဘင်္ဂလီများကို စောင့်ကြည့်ရန် အတွက် လုံခြုံရေး တိုးမြှင့်ရန် ရဲတပ်ဖွဲ့ အကြီးအကဲများကို ပြောကြားခဲ့သည်။

ယခုလ ၂၈ ရက်နေ့က ကော့စ်ဘဇားခရိုင် ပန်းဝါ (ရာမူးမြို့) တွင် အသက် ၂၈ နှစ်ရှိ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား အဘာဒူလ် ဂျာဘာကို မြန်မာနိုင်ငံက ၀င်ရောက်လာသူ ဘင်္ဂလီ လူမျိုး ဇီယာဘုလ် ဟော့်ခ် (၂၂) က အဒေါ်ဖြစ်သူနှင့် မြေအငြင်းပွားမှု ဖြစ်ရာမှ သတ်ဖြတ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦး အသတ်ခံရပြီးနောက် ကိုတော့ပလောင် ဒုက္ခသည်စခန်းတွင် ရဲကင်းစခန်း ၅ ခု တည်ဆောက်ရန် အစိုးရညွှန်ကြား ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတစ်ဦး အသတ်ခံရပြီးနောက် ကိုတော့ပလောင် ဒုက္ခသည်စခန်းတွင် ရဲကင်းစခန်း ၅ ခု တည်ဆောက်ရန် အစိုးရညွှန်ကြား Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.