ဒုက္ခသည်လက်ခံရေး မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုးမရခဲ့လို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြော


ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး၊ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး မြန်မာအစိုးရဆီက မရရှိခဲ့ဘူးလို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း ဒါကာ ထရီဗြွန်း သတင်းစာက ဖေါ်ပြပါတယ်။

ဒါကာမြို့တော်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ဆွေးနွေးပွဲတရပ်အပြီးမှာ၊ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာ အားလုံးတော့ မြန်မာဆီကနေ မရရှိသေးပါဘူး၊ ဒါပေမဲ့ နှစ်နိုင်ငံလုံးအနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာပဲ ရှိနေပါတယ်လို့ ဘင်္ဂလာေးဒ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူ က ပြောပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာမင့်ချိုင်း က ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အတူ ပူးတွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

တရုတ်ပြည်အနေနဲ့ ရခိုင်ပြည်နယ်ဘက်က ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်လာကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အနီးကပ် ထိတွေ့ဆက်သွယ်နေခဲ့ကြောင်း၊ ဒီပြဿနာ နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့အတူ တသားတည်းရပ်တည်နေကြောင်း၊ တရုတ်ပြည်ရဲ့ ညီအကိုတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အတူထိုင်ပြီး ဆွေးနွေးအဖြေရှာကြရင် မပြေလည်စရာအကြောင်းမရှိကြောင်း၊ ဆွေးနွေးတာကနေ့မြင်သာတဲ့ ရလဒ်တွေရခဲ့တာ တွေ့ခဲ့ရကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောပါတယ်။

Photo: www.mofa.gov.bd
RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်လက်ခံရေး မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုးမရခဲ့လို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြော ဒုက္ခသည်လက်ခံရေး မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုးမရခဲ့လို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြော Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.