နမ့်ဆန်မြို့နယ် ခေကွဲရွာအမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်သို့ လူကုန်ကူးခံရ


အောက်တိုဘာ ၂၄ ရက်၊ မားနဂါး၊ နမ့်ဆန်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာအုပ်စု ခေ ကွဲရွာတွင်နေထိုင်သူ ဦးအိုက်လေ၏ သမီး မအီကီလွမ်ဆိုသူသည် တရုတ်ပြည်သို့ အလုပ်သွားရောက်လုပ်ကိုင်ရာမှ အလုပ်ပိုင်ရှင်သူဌေးမှတစ်ဆင့် ရောင်းစားခြင်းခံခဲ့ရသည်ဟု သိရသည်။

မအီကီလွမ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွေ့မင့်(ကူမင်း)မြို့သို့ရောက်ရှိစဉ် ကျေးရွာရှိ နေအိမ်ကို တရုတ်ဖုန်းဖြင့် ခေါ်ဆိုခဲ့ပြီး ရောင်းစားခံနေရကြောင်း ပြောဆိုခဲ့သော်လည်း ခေတ္တသာ ပြောဆိုခွင့်ရခဲ့သည့်အတွက် အဖြစ်အပျက် စုံ လင်စွာ မသိရှိရသေးကြောင်း မိသားစုဝင်များကဆိုသည်။

ပန်နင်းအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က “ကျနော် သူ့မိဘဆီကို သွားမေးတယ် သူတို့အချင်းချင်းဖုန်းခေါ်လို့ရတယ်ဆိုတော့ သူကအိမ်ကို တရုတ်ဖုန်းနဲ့ပြောလာတယ်။ သူရောင်းစားခံရတယ်ပေါ့ သူက တရုတ်ပြည် ခွေ့မင့်မြို့မှာ ရှိတယ်လို့တော့ ပြောတယ် နောက်အဆက်အသွယ်ပြတ်တောက်သွားတယ်” ဟု ပြောသည်။

မူဆယ်မြို့နယ် လူကုန်ကူးခံရသူများကို လိုက်လံကူညီဆောင်ရွက်ပေးနေသော တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO )၏ အမျိုးသမီးစင်တာသို့ ဆက်သွယ်စုံစမ်းရာ မအီကီလွမ်သည် ကျန်ဖုန်းမြို့တွင် ၎င်း၏အမျိုးသားဖြစ်သူနှင့် အတူအ လုပ်လုပ်ပြီး ၎င်းတို့၏ သူဌေးမဖြစ်သူက စားသောက်ဆိုင်သို့ ခေါ်သွားရာမှ တို့ဆေးမိပြီး ကျန်စီးမြို့သို့ ရောင်းစားခံရ သည်ဟု ဆိုသည်။

TWO မှ မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသမီးစင်တာတွင် တာဝန်ကျသူ လွေးအေရိုမီက “အစက သူတို့ လင်မယား ၂ယောက်လုံး ကျန်ဖုန်းမှာ အလုပ်လုပ်တယ် သူ့သူဌေးမက အပြင်မှာအကင်သွားစားဖို့ ခေါ်သွားရာကနေ တို့ဆေးမိတော့ အခုသူလက်ရှိတော့ ကျန်စီးမြို့ကို ရောက်သွားတယ် ဆေးပြေတဲ့အချိန်မှပဲ သူသိတယ်” ဟု ပြော သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှလည်း အဆက်အသွယ်ရသော်လည်း တစ်ကြိမ်တည်းသာ ဆက်သွယ်မှုရရှိခဲ့ပြီး အကြောင်းစုံ မသိရှိရသေးကြောင်း TWOမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဆက်သွယ်ရတုန်းက သူကျန်းစီမြို့ ရောက်နေတယ် ဒီဘက်ပြန်လာဖို့ ကားခ တရုတ်ငွေ ၄ဝဝဝ လောက်ကုန်မယ်တဲ့ သူနဲ့ ခဏလေးပဲ စကားပြောရတယ်။ ပြန်ဆက်လည်း သူ့ဖုန်းကို တရုတ်မတစ်ယောက်က ပြန်ကိုင်တယ်” ဟု လွေး အေရိုမီက ဆက်ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ရရှိထားသည့်စာရင်းအရ ၂ဝ၁ဝ မှ ၂ဝ၁၇ ခုနှစ် ၇ နှစ်အတွင်း တရုတ်နိုင်ငံသို့ လူ ကုန်ကူးခံရသည့် တအာင်းအမျိုးသမီး ၅ဝ ဦးရှိပြီး ထိုထဲမှာပင် အမျိုးသား ၂ ဦးပါဝင်ကြောင်း၊ ထို ၅ဝ ထဲတွင် အခြား သော တိုင်းရင်းသားများ မပါဝင်သေးကြောင်း သိရသည်။

Photo- Google
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
နမ့်ဆန်မြို့နယ် ခေကွဲရွာအမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်သို့ လူကုန်ကူးခံရ နမ့်ဆန်မြို့နယ် ခေကွဲရွာအမျိုးသမီးငယ်တစ်ဦး တရုတ်ပြည်သို့ လူကုန်ကူးခံရ Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.