ကူးတို့လှေတိမ်းမှောက်မှုမှ ပျောက်ဆုံးသူ(၃)ဦး ပြန်လည်ရှာဖွေတွေ့ရှိပြီး လူ(၅)ဦးသေဆုံး


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာနားက တနင်္သာရီမြစ်ထဲမှာ အောက်တိုဘာ(၅)ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ကူးတို့လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးသူတွေကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 ပျောက်ဆုံးနေသူ (၃)ဦးကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံကျွမ်းကျင်ရေလုပ်သားတွေက အောက်တိုဘာ(၆)ရက်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 ကူးတို့လှေတိမ်းမှောက်မှုမှာ စုစုပေါင်းလူ(၅)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး(၂)ဦးကို မြိတ်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။


 အဲဒီကူးတို့လှေဟာ ခရီးသည် အယောက်(၃၀)နဲ့ မော်တော်ဆိုင်ကယ်တွေကို တင်ဆောင်ပြီး မင်းသန်းကျေးရွာကနေ မောင်းလှော်ရွာကိုထွက်ခွာလာချိန်မှာ ရေစီးကြမ်းတာကြောင့် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 တိမ်းမှောက်ခဲ့တဲ့ကူးတို့လှေဟာ အလျား(၄၂)ပေ၊ အနံ(၉)ပေ၊ ရေစူး(၃)ပေခန့်ရှိကာ မြင်းကောင်ရေ(၁၀)ကောင်အား တရုတ်အင်ဂျင်(၁)လုံးနဲ့ မြင်းကောင်ရေ(၅)ကောင်အား တရုတ်အင်ဂျင်(၁)လုံး တပ်ဆင်ထားတဲ့ ကူးတို့လှေဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လှေမောင်းနှင်သူကို တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီသတင်းကို ခိုင်ထူး(မြိတ်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကူးတို့လှေတိမ်းမှောက်မှုမှ ပျောက်ဆုံးသူ(၃)ဦး ပြန်လည်ရှာဖွေတွေ့ရှိပြီး လူ(၅)ဦးသေဆုံး ကူးတို့လှေတိမ်းမှောက်မှုမှ ပျောက်ဆုံးသူ(၃)ဦး ပြန်လည်ရှာဖွေတွေ့ရှိပြီး လူ(၅)ဦးသေဆုံး Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.