ပြင်သစ်နိုင်ငံ အရှေ့ ပိုင်း၌ မီးလောင်မှုဖြစ်ပွား ၅ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

မီးလောင်မှုဖြစ်ပွားရာ လူနေတိုက်ခန်းရှေ့ လမ်းမပေါ်တွင် မီးခိုးလုံးများဖုံးလွှမ်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)
    ပါရီ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

    ပြင်သစ်နိုင်ငံ အရှေ့ ပိုင်း Mulhouse မြို့ ၌ အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် လူနေတိုက်ခန်း တစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခန်း လှေကားခွင် မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မီးလောင်မှုကို ထိန်းချုပ်ရန် မီးသတ်သမား ၅ဝ ဦးက ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း ပြင်သစ်နိုင်ငံပိုင် BFMTV ရုပ်သံဌာနက ဆိုသည်။

Mulhouse မြို့ သည် ပြင်သစ်နိုင်ငံ Alsace ဒေသတွင် ဒုတိယအကြီးဆုံး မြို့ တစ်မြို့ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/
ပြင်သစ်နိုင်ငံ အရှေ့ ပိုင်း၌ မီးလောင်မှုဖြစ်ပွား ၅ ဦးသေ ၊ ၈ ဦးဒဏ်ရာရ ပြင်သစ်နိုင်ငံ အရှေ့ ပိုင်း၌ မီးလောင်မှုဖြစ်ပွား ၅ ဦးသေ ၊ ၈ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.