မြစ်ကြီးနား၊ အောက်တိုဘာ ၁၁
မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာ ရပ်ကွက်၂ မှ ဦးငါးခါးတောင်သည် အောက်တိုဘာ၉ရက် နံနက်၇နာရီခန့်တွင် လမ်းဖြတ်ကူးနေစဉ် ဒုဌဝတီမန်း ခရီးသည်တင် ကားတစ်စီးမှ ဝင်ရောက်တိုက်မိရာ သေဆုံး ခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
ယင်းနေ့၌ သေဆုံးသူသည် ရွာ၏ ဈေးလမ်းဆုံတွင် လမ်းဖြတ်ကူးစဉ် မိုးကောင်းမြို့ဘက်မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသည့် YGN_1M_9894 ခရီးသည်တင်ယာဉ် စိမ်းပြာရောင်ကားမှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
``လောလောဆည် အမှုစစ်ဆေး တည်ဆောက်နေတယ် ယာဉ်မောင်း နဲ့ တိုက်မိတဲ့ကားကိုလဲ ထိန်းသိမ်းထားပါတယ်´´ ဟု အမှတ်၉၈ ယာဉ်ထိန်းရုံး မြစ်ကြီးနားမှ ရဲအုပ်နန်းဝင်းစိုးက ပြောသည်။
အဆိုပါကားပေါ်တွင် ပါရှိသော ခရီးသည်များ ထိခိုက်မှုမရှိခဲ့သော်လည်း လမ်းဖြတ်ကူး၍
ယာဉ်တိုက်ခံရသူသည် ဦးခေါင်းနောက် ယာဂျိုစောင်းဖူးယောင်ပေါက်ပြဲ ဝဲဘက်ခါးစောင်း ပွန်းပဲ့ ယာခြေသလုံး ဖူးရောင်နာကျင် ဒဏ်ရာများဖြင့် မြစ်ကြီးနား ကုတင်၅၀၀ဆေးရုံကြီးသို့ ပို့ဆောင်၍ အောက်တိုဘာ ၉ရက်နေ့ညတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုမှ ယာဉ်မောင်းသန်းစိုးဝင်းကို(ပ)၄၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈(ယာဉ်ပေါ့ဆမှု့ကြောင့် အပြင်းအထန်နာကျင် ဒဏ်ရာရရှိစေမှု့ဖြင့်) အမှု့ရေးဖွင့်ခဲ့ရာမှ ၃၀၄(က)ပေါ့လျော့ခြင်းဖြင့် လူသေစေမှုဖြင့် ဥပဒေပုဒ်မ ပြောင်းလဲရေးဖွင့်၍ ယာဉ်မောင်းကို အရေးယူထားကြောင်း နယ်မြေရဲစခန်းမှ စခန်းမှုး ဒုရဲမှုး သိန်းဇော်ကပြောသည်။
အဆိုပါ ဒုဌဝတီယာဉ်လိုင်းသည် တနိုင်း- မြစ်ကြီးနား -မိုးကောင်း -ဟိုပင်- မိုးညှင်းနှင့် မန္တလေး သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်သည်။
မီးမီး / EPN
ခရီးသည်တင် ကားတစ်စီးမှ လမ်းဖြတ်ကူးသူ အား တိုက်မိ
Reviewed by THITHTOOLWIN
on
07:33
Rating:
