ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁)ဦးအားပစ်ခတ်ဖမ်းဆီး
အောက်တိုဘာ၂၀ ရက် မနက် ၈ နာရီ ၁၅ မိနစ်တွင် အမည်မသိ အမျိုးသား ၁ ဦး သည် ဓားကောက်ကိုင်ဆောင်လျက် မောင်တောမြို့နယ် နယ်မြေ(၃) ကွမ်းသီးပင်ချောင်းဝရဲကင်းစခန်းအတွင်းသို့ ဦးတည်ပြေးလာသဖြင့် စခန်းနှင့် ကိုက် (၂၀)ခန့်ကွာအရောက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၁ ဦး က ရပ်တန့်၍ လက်နက်ချရန် အော်ဟစ်သတိပေးသော်လည်း ရပ်တန့်ခြင်း မရှိဘဲ အလ္လာဝက္ကဘတ် ဟု အော်ဟစ်၍ ဆက်လက်ပြေးဝင်လာခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရသည်။
ထိုသို့ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် ယင်း အမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ(၁) ချက်ဖြင့် စခန်းနှင့် (၅)ကိုက်ခန့်အကွာတွင် လဲကျသေဆုံးသွားခဲ့သည်။
သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ(၅၆)နှစ် ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ် (ID) 2690421588992 နှင့် ဓားကောက် (၁)ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။
Information Committee
https://www.facebook.com/InfomationCommittee
ရဲကင်းစခန်းအတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁)ဦးအားပစ်ခတ်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
20:58
Rating:
