မွေးစားသမီးက တုတ်နဲ့ ရိုက်လို့ ဖခင်သေဆုံး


နေပြည်တော်၊ အောက်တိုဘာ ၁၀

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၀၀၄၅ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ (၆)ရပ်ကွက်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဘိုကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

 အဆိုပါ ရပ်ကွက်နေ ဦးမြင့်အောင်(၆၆)နှစ်သည် မွေးစားသမီးဖြစ်သူ (၁၀)ရပ်ကွက်နေ မစိမ်းစိမ်းလတ် (၃၂)နှစ်နှင့်အတူ နေအိမ်၌ အရက်အတူသောက်ပြီး အမြည်းစားသည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ် မစိမ်းစိမ်းလတ် မှ တုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းတို့ကြောင့် ဦးမြင့်အောင် တွင် ဒဏ်ရာ များရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

 မစိမ်းစိမ်းလတ် အား ဘိုကလေး မြို့မရဲစခန်း (ပ)၂၃၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ