ထိုင်းနိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးသူများ အတွက် ဆိုင်ခန်းပြာများ စတင်ဖွင့်လစ်


၁-၁၀-၂၀၁၇

ထိုင်းအစိုးရရဲ့  ဆင်းရဲသား ကူညီစောင့်ရှောက့်ရေး စီမံကိန်းကို ဆိုင်ခန်းပြာ ဒီကနေ့  အောက်တိုဘာလ (၁)ရက်နေ့ ကစပြီး စတင်အကောင်အထည်ဖေါ်နေပြီဖြစ်ပါတယ်။ ထိုင်းနိုင်သားတွေအတွက်
ဝင်ငွေနည်းပြီး ဆင်ရဲနွမ်းပါသူတွေအတွက် ပြည်နယ်တိုင်းမှာ ဖွင့်လစ်ပေးထားတဲ့ ဆိုင်ခန်းပြာ(အပြာရောင်ဆေးသုတ်ထားသည်)တွေမှာ စားသုံးကုန်တွေကို သတ်မှတ်ပေးထားတဲ့ ငွေပမာဏ နဲ့  ပေးဝေနေပြီလို့ သိရပါတယ်။

အစိုးရဌနဆိုင်ရာတွေမှာ စာရင်းပေးထားကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆင်းရဲနွမ်းပါး ၀င်ငွေနည်းတဲ့သူတွေဟာ ဒီကနေ့ ပထမနေ့ အဖြစ် ဆိုင်ခန်းပြာတွေမှာ အသုံးအဆောင် နဲ့ အစားအသောက်တွေလာရောက်ယူနေကြသူတွေ အလွန်များပြားတယ်လို့  သိရပါတယ်။

အစိုးရက ၀င်ငွေအနည်းဆုံး သတ်မှတ်ထားတဲ့ စာရင်းဝင် တဲ့ ပြည်သူတွေကို ဈေးဝယ်ခွင့်ကပ်ပြားတွေ ထုတ်ပေးထားပါတယ်။အဆိုပါကပ်ပြားတွေနဲ့  ယာဉ်စီးခ-အစားအသောက်နဲ့  အသုံးအဆောင်တွေ ၀ယ်ယူနိုင်အောင်စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Social Action for Children and Women - SAW
ထိုင်းနိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးသူများ အတွက် ဆိုင်ခန်းပြာများ စတင်ဖွင့်လစ် ထိုင်းနိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးသူများ အတွက် ဆိုင်ခန်းပြာများ စတင်ဖွင့်လစ် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.