ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်း၌ တည်းခိုနေသူတစ်ဦးထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိ


ရန်ကုန် အောက်တိုဘာ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အောက်တိုဘာ ၁၁ ရက်တွင် တည်းခိုခန်း၌ တည်းခိုနေသူ တစ်ဦးကို လက်ပစ်ဗုံးသီးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရ သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ထွန်းစောအောင်နှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၅၈)ရပ်ကွက် ဦးဘÓဏ်လမ်းရှိ စိုပြေ တည်းခိုခန်း အခန်း (၁ဝ၂)သို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ တည်းခိုလျက်ရှိသူ စောကျော်လင်းဦး (၃၃ နှစ်)၏ အနက်ရောင်အိတ်အတွင်းမှ ဓားအိမ်ပါ၊ အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်း၊ 81 လက်ပစ်ဗုံးသီး တစ်လုံး၊ ပိုက်ဆံအိတ်အတွင်း၌ ထည့်ထားသော လက်ပစ်ဗုံးသီး စနက်တံတစ်ခု၊ ၃၈ ကျည် လေးတောင့်ပါသေနတ် ချိုင်းလွယ်အိတ် တစ်ခုတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စောကျော် လင်းဦးအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျင်မောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်း၌ တည်းခိုနေသူတစ်ဦးထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တည်းခိုခန်း၌ တည်းခိုနေသူတစ်ဦးထံမှ လက်ပစ်ဗုံး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.