ချောင်းဖြတ်ကူးသည့် နွားလှည်း ချောင်းရေမျောပါ မိသားစု ၃ ဦး သေဆုံး


မကွေး အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ညောင်ကျပ္ပင်ရွာ အနောက်တောင် (၁) မိုင်ခန့်အကွာ တည်ပင်အောင်းရိုး ( ၁၀ ) ပေ အကျယ်ရှိ ချောင်းတွင် (၁၂ - ၁၀ - ၁၇) နေ့ညနေ (၁၆၃၀) အချိန်ခန့်က မိသားစု ၄ ဦး နွားလှည်းနဲ့ ဖြတ်ကူးရာ ရေစီးနဲ့မျောပါသွားပြီး သားမိ ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါသည်။

 ဖခင်ဖြစ်သူ ကိုသန်းလှိုင် အသက် (၃၀) နှစ် (ဘ) ဟန်စိုး မှာ နွားမအုပ်ဖြင့်ဖြတ်ကူးပြီး မိခင် မသန်းဝေ အသက် (၂၉) နှစ် (ဘ) ဦးမြင်ကြည်နှင့် သမီး မတင်တင်အေး (ခ) မနွေဦး အသက် (၁၀) နှစ် သုံးတန်းကျောင်းသူနှင့် မောင်သိန်းသန်းဝေ အသက် (၃) နှစ် တို့သည် ၄င်းချောင်းအား နွားလှည်းဖြင့်ဖြတ်ကူးစဉ် မိုးများရွာလျက် ရေလုံးထိုးကျလာပြီး နွားလှည်းနှင့်အတူ မျောပါသွားခဲ့ရာ မိခင်နှင့်သမီးဖြစ်သူအား လိုက်လံဝိုင်းဝန်းဆယ်ယူ ရရှိခဲ့သော်လည်း သားဖြစ်သူနှင့် နွားထီးတစ်ကောင်မှာ ပျောက်ဆုံးသွားခဲ့ပါသည်။

 မိခင်ဖြစ်သူနှင့် သမီးဖြစ်သူမှာလည်း (၂၀၀၀) အချိန်ခန့်တွင် ဆေးရုံသို့အသွားသေဆုံး သွားကြကြောင်းနှင့် (၁၃ - ၁၀ - ၁၇) နေ့နံက် (၀၈၀၀) အချိန်ခန့်တွင် သားဖြစ်သူမှာလည်း အခင်းဖြစ်နေရာနှင့် (၂) ဖါလုံခန့်အကွာ သေဆုံးနေသည်ကိုတွေ့ရှိကြောင်း သတင်းရရှိပါသည်။

နတ်မောက်မြို့နယ် မြို့မရဲစခန်းမှ မောင်သိန်းသန်းဝေ သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

မျိုးမင်းဦး(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ချောင်းဖြတ်ကူးသည့် နွားလှည်း ချောင်းရေမျောပါ မိသားစု ၃ ဦး သေဆုံး ချောင်းဖြတ်ကူးသည့် နွားလှည်း ချောင်းရေမျောပါ မိသားစု ၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.