သံတွဲမြို့ နန်းချောင်းကျေးရွာ၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် ၀င်တိုက်မှုဖြစ်ပွား


ရခိုင်ဂေဇက်၊အောက်တိုဘာ ၁၄

သံတွဲမြို့ နန်းချောင်းကျေးရွာ အလယ်ပိုင်း တံတားအနီးတွင် အောက်တိုဘာ ၁၃ ရက်နံနက်၉နာရီခန့်က သံတွဲမြို့ဖက်မှ ငပလီဖက်သို့ မောင်းနှင်လာသောကားနှင့် ငပလီဖက်မှ သံတွဲဖက်သို့မောင်နှင်လာသောဆိုင်ကယ် မျက်နှာခြင်းဆိုင်တိုက်မှု ဖြစ်ပွါးကြောင်း နန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှသိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက်နံနက် ၉နာရီခန့်က သံတွဲ -ငပလီလမ်းမကြီးအတိုင်း ငပလီဖက်သို့ ယာဉ်မောင်း ထက်သူ(၂၂)နှစ်မောင်းနှင်လာသော ( Jade Marina ) စာတန်းပါ Toyota Hiace ကားနှင့် ငပလီ ဖက်မှ သံတွဲဖက်သို့ အမက ငပလီလမ်းကျောင်းမှ အထွေထွေလုပ်သား ဦးအောင်စည်ဟိန်း (၄၁)နှစ် မောင်းနှင်လာသော LOUJIA -110 အနက်ရောင် (နံပါတ်တပ်ဆင်ထားမှုမရှိသည့်) ဆိုင်ကယ်မှ ဆန့်ကျင်ဖက်ယာဉ်ကြော လမ်းလယ်မျဉ်း၏အတွင်း ဖက်သို့ ၃ပေ ၆လက္မခန့်ဝင်ရောက်လာခဲ့ရာမှညမျက်နှာခြင်းဆိုင်တိုက်မိ ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ အောင်စည်ဟိန်းတွင် မေးစေ့ပေါက်ပြဲဒဏ်ရာ ၊၀ဲခြေမ၊ယာခြေမ ပေါက်ပြဲ ၊ ၀ဲဒူးရိုးကျိုး ၊ မစိုးရိမ်ရ ဒဏ်ရာများရရှိသဖြင့် သံတွဲဆေးရုံသို့ပို့ဆောင် ဆေးကုသမှု ခံယူလျှက်ရှိပြီး Toyota Hiace ယာဉ်တွင် ရှေ့ဘန်ပါကျိုး၊ရှေ့လေကာမှန်ကွဲအက်ပြီး ဆိုင်ကယ်မှာ ရှေ့ပိုင်းကျိုးပြီး ကာဗာများကျိုးပဲ့ပျက်စီးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ အောင်စည်ဟိန်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သံတွဲမြို့နယ် အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သတင်းရရှိသည်။

source - ခရိုင်ပြန်/ဆက်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
သံတွဲမြို့ နန်းချောင်းကျေးရွာ၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် ၀င်တိုက်မှုဖြစ်ပွား သံတွဲမြို့ နန်းချောင်းကျေးရွာ၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် ၀င်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:14 Rating: 5
Powered by Blogger.