ဖြူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဖြူးမြို့နယ်တွင် ယမန်နေ့ ညနေ ၅နာရီခွဲက ကြိုးတံတား တစ်စင်းပြတ်ကျမှုကြောင့် လူများ ပိတ်မိကာ သွားလာရန်ပြည်သူ လေးသောင်းကျော်အခက်တွေ့နေ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖြူးမြို့နယ် ဝဲကြီး ကျေးရွာရှိ ဖြူးချောင်းအား ဖြတ် ကျော်ကာတည်ဆောက်ထားသော ဝဲကြီးကျေးရွာနှင့် ဝဲကြီးမြောက်ရွာ တို့အား ဆက်သွယ်တည်ဆောက် ထားသောအရှည်ပေ ၃၇ဝ၊ အကျယ် ခြောက်ပေရှိ သံခင်းသံပေါင်ထိန်း လူကူးသံမဏိကြိုးတံတားသည် အထိန်းသံကြိုး ခြောက်ချောင်း အနက် ကြိုးနှစ်ချောင်းမှာ လူများ တံတားပေါ်မှ ဖြတ်သန်းနေစဉ် မြေစိုက်ငုတ်မှပြုတ်ထွက်ခဲ့ပြီး တစ် ခြမ်းစောင်းသွားသဖြင့် လူများ ဇောက်ထိုးဖြစ်ကာ တံတားပေါ် တွင် ပိတ်မိခဲ့သဖြင့် ဒေသခံများ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
''ညနေ လေးနာရီလောက် ရွာ သားတွေစုစည်းပြီး ဆရာတော်ကို သွားကန်တော့တဲ့အချိန်မှာ လူနှစ် ဆယ်သုံးဆယ်လောက်ဖြတ်နေချိန်မှာ အပေါ်က ကျပ်လုံးလောက်ရှိတဲ့ မိန်းကြိုးတွေပြတ်ကျသွားလို့ တံတား ပေါ်မှာ လူတွေဇောက်ထိုးဖြစ်နေ လို့ ရွာသားတွေစုပြီး ဝိုင်းကယ်ခဲ့ရ တယ်။ ကြိုးတံတားကို ဒေသခံ ကျေးရွာမှ ပြည်သူလေးသောင်း ကျော်ကအသုံးပြုနေတာပါ။ ခုဒုက္ခ အရမ်းရောက်နေပြီ။ ကျေးလက် ဌာနကတော့ ဘတ်ဂျက်ရမှပြင် ပေးမယ်လို့ပြောတယ်။ တံတားကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ်သိန်း ၃၆ဝကျလို့ ပြန်ပြီးပြုပြင် ထားတာ ကျေးလက်ဦးစီးဌာနက ခုတော့ တံတားကို ပိတ်ထားရပြီ'' ဟု အုပ်စုအုပ်ချုပ်ရေးမှူးက ပြော ကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ဖြူးမြို့ နယ်ကျေးလက်ဦးစီးမှူးအား ဆက် သွယ်မေးမြန်းခဲ့ရာ ''ကျွန်တော် လည်း မသိရသေးဘူး။ သတင်းပဲ ကြားသေးတယ်။ မနက်မှသွား ကြည့်ရမယ်။ အဲ့ဒီတံတားက ကျွန်တော့်ဆီက လုပ်ထားတာ မဟုတ်ဘူး၊ တိုင်းကလုပ်တာပါ'' ဟုပြောကြားခဲ့သည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net/
ကြိုးတံတားပြတ်ကျသဖြင့် လူသုံးဆယ်ခန့်ပိတ်မိပြီး ဒေသခံပြည်သူများ အခက်တွေ့နေ
Reviewed by THITHTOOLWIN
on
17:28
Rating:
