ကတလန် အစိုးရနဲ့ ပါလီမန်ထဲ ပါဝင် ခဲ့သူတွေကို တရားစွဲမယ်

စပိန် နိုင်ငံ ရှေ့နေချုပ် ဂျိုဇေး မဲန်နွဲ မာသာ
ကက်တလန် ဒေသကို ပြီးခဲ့တဲ့ သီတင်းပတ်က တဘက်သတ် လွတ်လပ်ရေး ကြေညာခဲ့တဲ့ က ကက်တလန်အစိုးရ နဲ့ ဒေသန္တရ ပါလီမန်အဖွဲ့ဝင်တွေကို ပုန်ကန်မှု၊ နိုင်ငံကိုသစ္စာဖောက်မှု တွေ အပါအဝင် စွဲချက်တွေတင်မယ်လို့ စပိန် နိုင်ငံ ရှေ့နေချုပ်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ အဲဒီ့ လုပ်ရပ်တွေကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ ရှေ့နေချုပ် ဂျိုဇေး မဲန်နွဲ မာသာက ဆိုပါတယ်။

ကက်တလန် ဒေသန္တရ အစိုးရနဲ့ ပါလီမန်ကို စပိန် ဗဟို အစိုးရက ဖျက်သိမ်း ခဲ့ပြီးတဲ့နောက် ကက်တလန်ရဲ့ အစိုးရ ယန္တရားကို စတင် ကိုင်တွယ် အုပ်ချုပ် နေပြီဖြစ်ပါတယ်။

ဘာစီလိုနာ မြို့တော်က အစိုးရ အဆောက်အဦ
ရာထူးက ထုတ်ပယ် ခံထားရတဲ့ ကက်တလန် ဝန်ကြီးတွေ ဒီနေ့ (အောက်တိုဘာ ၃ဝ ရက်) တနင်္လာနေ့မှာ ရုံးလာတက်တာ မတွေ့ရ သလောက် ဖြစ်ပေမယ့် တစ်ယောက် ကတော့ သူ့စားပွဲမှာ သူ့ဓာတ်ပုံ ထောင်ထားခဲ့ပြီး မကြာခင် ပြန်ထွက် သွားခဲ့ ပါတယ်။

အဖယ်ရှားခံထားရတဲ့ ကက်တလန်ခေါင်းဆောင် ကားလက်စ် ပူဂ်ျဒါမွန့်လည်း ဘာစီလိုနာ မြို့တော်က အစိုးရ အဆောက်အဦထဲ ဝင်ဖို့ ကြိုးစားတာ မတွေ့ရလို့ အနီးနားမှာ စုဝေး စောင့်နေကြတဲ့ ခွဲထွက်ရေးအပေါ် လိုလား ထောက်ခံသူ တချို့ အတွက် စိတ်ပျက်ဖွယ် ဖြစ်စေခဲ့ပါတယ်။

တကယ်လို့ ကက်တလန် ဝန်ကြီးဟောင်းတွေ သူတို့ ပစ္စည်းတွေ လာသိမ်းမယ် ဆိုရင် သက်ဆိုင်ရာ ရုံးခန်းတွေထဲ ဝင်ခွင့် ပြုမယ်လို့ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်က ရဲတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကတလန် အစိုးရနဲ့ ပါလီမန်ထဲ ပါဝင် ခဲ့သူတွေကို တရားစွဲမယ် ကတလန် အစိုးရနဲ့ ပါလီမန်ထဲ ပါဝင် ခဲ့သူတွေကို တရားစွဲမယ် Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.