ရန်ကုန် အောက်တိုဘာ ၁ဝ
အိန္ဒိယနှင့်မြန်မာနိုင်ငံကြားရှိ နယ်စပ်ဒေသများ၌ လွတ်လပ်စွာ သွားလာခွင့်ပြုထားသော အကွာ အဝေးကို အပြောင်းအလဲလုပ်ဖွယ် မရှိကြောင်း အိန္ဒိယအိတ်ဇ်ပရက်စ် သတင်းဌာနက ဖော်ပြသည်။
အိန္ဒိယအစိုးရသည် လက်ရှိ အချိန်၌ မြန်မာနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားများကို ထိစပ် နယ်စပ်မှ ၁၆ ကီလိုမီတာအကွာ အဝေးအထိ သွားလာခွင့်ပြုသော သဘောတူညီမှု ရယူထားသည်။
ထို့အပြင် နှစ်နိုင်ငံလုံးသည် ပြည် ဝင်ခွင့်မလိုအပ်ဘဲ နိုင်ငံအတွင်း၌ နေထိုင်ခွင့်ပြုမည့်ကာလကို တိုးမြှင့် ရန်လည်း စီစဉ်လျက်ရှိသည်။
လက်ရှိအချိန်၌ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသားများအား ကန့်သတ် နယ်မြေအတွင်း၌ ပြည်ဝင်ခွင့်မလို အပ်ဘဲ ၇၂ နာရီအထိ နေထိုင်ရန် ခွင့်ပြုထားသည်။
အိန္ဒိယပြည်တွင်း လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ သည် မြန်မာနိုင်ငံနှင့်ထိစပ်လျက် ရှိသော ပြည်နယ်များသို့သွားရောက် လေ့လာမှုများပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတွင် အပြန်အလှန် ဖြတ်သန်းသွားလာခွင့်ပြုခြင်းနှင့် ဆိုင်သည့် အကြံပြုချက်များထပ်မံ ပေးအပ်ခဲ့သည်။
၂ဝ၁၆ ခုနှစ်အတွင်း ၌အိန္ဒိယနှင့်မြန်မာကြားတွင်တရား မဝင်သွားလာနေထိုင်သည့် ဖြစ်စဉ် ၇၄ ကြိမ်ဖြစ်ပွားခဲ့ကာ ၂ဝ၁၅ ခုနှစ် က ဖြစ်ပွားခဲ့သော အကြိမ်ရေထက် လျော့နည်းခဲ့ကြောင်း သိရသည်။
NG
The Union Daily
https://www.facebook.com/uniondaily.net
အိန္ဒိယ-မြန်မာနယ်စပ်ဒေသများတွင် လွတ်လပ်စွာသွားခွင့်ပြုသည့် အကွာအဝေးကို ပြောင်းလဲမည်မဟုတ်
Reviewed by THITHTOOLWIN
on
19:03
Rating:
