အိမ်တံခါးကို ခြေနဲ့ကန်ခဲ့တဲ့အတွက် လူသတ်မှုဖြစ်ပွား


မွန်ပြည်နယ်ကျိုက်ထိုမြို့ မြသပိတ်ဘုရားလမ်းရှိ နေအိမ်တစ်ခုတွင် အောက်တိုဘာလ ( ၁၂) ရက် မနက်တစ်နာရီခန့်မှာ စကားများရာကနေ ရိုက်နှက်မှု့ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ကိုသက်ပိုင်လင်းက တစ်လမ်းထဲနေ ကိုစိုးနိုင်ဦး (ခေါ်) ကိုစိုးရဲ့ နေအိမ်တံခါးကို ခြေနဲ့ကန်ခဲ့တဲ့အတွက် စကားများရန်ဖြစ်ကြတယ်လို့ဆိုပါတယ်။

 သက်ပိုင်းလင်းမှ ဓါးရှည်နဲ့ထိုးရာ စိုးနိုင်ဦး (ခေါ်) ကိုစိုးရဲ့လက်ကို အနည်းငယ်ထိခိုက်မိတဲ့အတွက် ကိုစိုးမှ ၀ါးဆစ်ပိုင်းတုတ်နဲ့သက်ပိုင်လင်းကို ပြန်လည်ရိုက်နှက်ခဲ့ပါတယ်။

 သက်ပိုင်လင်းမှာ ၀ဲဘက်ချိုစောင်း ပေါက်ပြဲဒါဏ်ရာ၊ ရှေ့သွားပဲ့ဒါဏ်ရာ၊ ၀ဲဘက်နဖူးရောင်ညိုမဲဒါဏ်ရာတွေရရှိခဲ့ပြီး ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးခဲ့ပါတယ်။

 ကိုစိုးနိုင်ဦး (ခေါ်) ကိုစိုးကို ကင်ပွန်းချောင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းထောက် ………... ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/5plusnews
အိမ်တံခါးကို ခြေနဲ့ကန်ခဲ့တဲ့အတွက် လူသတ်မှုဖြစ်ပွား အိမ်တံခါးကို ခြေနဲ့ကန်ခဲ့တဲ့အတွက် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.