ဆရာတော်ဘုရားကြီး၏ ဆံတော်မှဖြစ်သော ဓာတ်တော် အပူဇော်ခံ ထားရှိ


မြစ်ကြီးနား - အောက်တိုဘာ ၂၅

ဆရာတော်ဘုရားကြီး၏ ဆံတော်မှဖြစ်သော ဓာတ်တော် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိသည်။

၁၃၇၉-ခုနှစ် နယုန်လပြည့်ကျော်(၉)ရက် (၁၈-၆-၂၀၁၇)တနင်္ဂနွေနေ့နံနက် ဝန်းသိုကျောင်းဆရာတော်ဘုရားကြီး ပျံလွန်တော်မူချိန်တွင် ဆံချပေးသူဦးအောင်ကျော်ထွန်း၏ နေအိမ်တွင် ပူဇော်ထားသည့် ဆံတော်မှဖြစ်သော ဆရာတော်ဘုရားကြီး၏ ဓာတ်တော် ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် ဆံတော်မှ ဓာတ်တော် ဖြစ်နေသည် ဟု သိရှိရသည်။

ယခုအခါ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်အတွင်း သုံးထပ်ဆောင် ဒုတိယထပ်၌ အပူဇော်ခံ ထားရှိသည်။

EPN
https://www.facebook.com/epngnews/
ဆရာတော်ဘုရားကြီး၏ ဆံတော်မှဖြစ်သော ဓာတ်တော် အပူဇော်ခံ ထားရှိ ဆရာတော်ဘုရားကြီး၏ ဆံတော်မှဖြစ်သော ဓာတ်တော် အပူဇော်ခံ ထားရှိ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.